Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ခုမှ Trainer စလုပ်မယ်ဆို

၁. Facebook က ကြော်ငြာလို့ သင်တန်းအကြီးအကျယ် အောင်မြင်တဲ့ခေတ်က ကုန်သွားပြီ။ တနည်းအားဖြင့် Strategy မရှိပဲ ကြော်ငြာလို့ မရတော့ဘူး။ (အရင်က Boost နှိပ်တတ်ရင်ကိုရတယ်။) Sales Funnel ကို သေချာလေးစဉ်းစားဖို့လိုတယ်။

၂. Contents? အရင်လို Motivation ဘာညာတွေလုပ်ရင် like တွေ share တွေရပေမယ့် sales conversion မကောင်းတော့ဘူး။ contents ကို Niche ကိုသွား။

၃. ဆရာကြီးတွေနဲ့တွဲ Free Seminar တွေ၊ Talk တွေလုပ်မှာထက် Community တစ်ခု အရင်တည်ဆောက်။ ခြောက်လလောက် အချိန်ပေးဖို့လိုလာမယ်။

၄. Personal Branding စလုပ်ဖို့ အားမပေးပါ။ Business Brand တစ်ခုကို ခံပြီးစလုပ်ပါ။ မြန်မာပြည်မှာ အတိုက်အခိုက်က အစမှာပိုများပါတယ်။ မြေနိမ့်ရာ လှံစိုက်မခံရဖို့ business brand ကိုခံပါ။ ပွဲသုံးလေးပွဲပြီးမှ personal + business တွဲမြင်အောင်လုပ်ပါ။

၅. Hip Hop လောကနဲ့ Training လောက အတူတူပါပဲ။ Training လောကမှာ Positive thought leaders တွေရှိသလို ကိုယ့်ကို ဒီလောကထဲ မရောက်လာနိုင်အောင် lessons ပေးနိုင်တဲ့ ဆရာ့ဆရာတွေလည်းရှိတယ်။ သူတို့နဲ့ အဆင်ပြေအောင်နေပါ။ Social ကောင်းအောင်တည်ဆောက်ပါ။ ကျွန်တော်တို့ လူမျိုးတွေက လူခင်ရင် မူပြင်ပါတယ်။

၆. အောင်မြင်ရင်တောင် ဆရာကြီးအထာမဖမ်းပါနဲ့။ အမြဲ environmental scanning လုပ်ပါ။ Industry တစ်ခုမှာ ဘယ်သူက Influencer ဆိုတာသိပါ။ အဆင်ပြေအောင်နေပါ။ ဒါ့အပြင် shadow community ထဲက ဆရာ့ဆရာတွေနဲ့ အဆင်ပြေအောင်နေပါ။ Office politics ရှိသလို၊ Industrial politics ကိုနားလည်ပါ။

၇. အကျိုးပြု လူမှုရေးတစ်ခုကို တစ်စိုက်မတ်မတ်လုပ်ပါ။

၈. Raving fans ရှိပါစေ။ Facebook က လာတိုက်ခိုက်တဲ့အခါ ကိုယ်တိုင် ပြန် မပြောပါနဲ့။ Raving Fans ထဲက Army နဲ့သွားပါ။

Phyo Paing @ Derek
#gmc
#sapwar

Share Your Idea!​