Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းတစ်ခုဆိုတာ မတူညီတဲ့
လုပ်ငန်းဆောင်တာ စနစ်တွေ

လိုချင်တဲ့ ရလဒ်ကို ထပ်ခါထပ်ခါရဖို့
တိကျသေချာတဲ့ လုပ်ငန်းဆောင်တာတွေ
ချမှတ်ထားတာကို “စနစ်” လို့ခေါ်တယ်။

လုပ်ငန်းတစ်ခုဆိုတာ မတူညီတဲ့
လုပ်ငန်းဆောင်တာ စနစ်တွေ
အချိပ်အဆက်ပြုထားတာဖြစ်တယ်။

ဦးဆောင်မှုစနစ်၊ အမှတ်တံဆိပ်တည်ဆောက်ခြင်းစနစ်၊
မားကတ်တင်းစနစ်၊ အရောင်းစနစ်၊
ဝန်ဆောင်မှုပေးခြင်းစနစ်၊ ဖြန့်ဖြူးပို့ဆောင်ပေးခြင်းစနစ်၊
ငွေကြေးစနစ် အစရှိတဲ့စနစ်တွေ
ချိပ်ဆက်မှုပြုထားတာဖြစ်တယ်။

လုပ်ငန်းရှင်တစ်ယောက်က
ကိုယ့်လုပ်ငန်းရဲ့ စနစ်တွေအားလုံးကို
တစ်ယောက်တည်း အကုန်သိထားတာ
ဖြစ်နိုင်သလို
မသိသေးပါက လုပ်ငန်းကျွမ်းကျင်သူတွေနဲ့
တိုင်ပင်ပြီး စနစ်တည်ဆောက်တာလဲဖြစ်နိုင်ပါတယ်။

ဥပမာ ကိုယ်က ငွေကြေးစနစ်ကျွမ်းကျင်ပြီး
မားကတ်တင်း စနစ်မှာ အားနည်းတာဖြစ်နိုင်တယ်။
ဒါမှမဟုတ် မားကတ်တင်းဖက်မှာ ကျွမ်းကျင်ပြီး
ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်မှာ
အားနည်းတာဖြစ်နိုင်ပါတယ်။

လုပ်ငန်းရှင်တစ်ယောက်က
နိစ္စဓူဝ လုပ်ငန်းလည်ပတ်မှုမှာ
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းကိုတည်ဆောက်နိုင်မှ
ဖောက်သည်တွေလိုအပ်တဲ့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အသစ်တွေကို
ဖန်တီးဖို့ အချိန်များများပိုပေးနိုင်မှာဖြစ်ပါတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​