Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.


ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးရတဲ့
Or Game မဟုတ်ဘူး..

ဘဝဆိုတာ “Or” game မဟုတ်ဘူး။
ဘဝဆိုတာ “And” game.
ဒီအယူအဆထားလိုက်တဲ့အခါ
အမြင်ကျယ်လာတယ်။

နင်ဆရာဝန်လုပ်မှာလား၊
စီးပွားရေးလုပ်မှာလား၊
စာသင်မှာလား။
တစ်ခုသေချာရွေး။

ကျွန်တော်က အကုန်လုပ်ချင်တာ။

လူတွေရဲ့ productivity ကို မြင့်တင်ဖို့
ဇီဝကမ္မဖြစ်စဥ်တွေ အလုပ်လုပ်ပုံ၊
ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေအလုပ်လုပ်ပုံ၊
neurotransmitter တွေအကြောင်းသိဖို့လိုတယ်။
နောက် ကျန်းမာကြံ့ခိုင်ရေးအတွက်
ခန္ဓာဗေဒ အရိုး၊ အကျောဖွဲ့စည်းပုံတွေသိဖို့လိုတယ်။
စိတ်ပညာအကြောင်းသိဖို့လိုတယ်။

စီးပွားရေးအတွက် အတွေးအခေါ်ပညာ၊
စဥ်းစားနည်းပညာ၊ သင်္ချာပညာ၊
ဦးဆောင်မှု၊ ပေါင်းသင်းဆက်ဆံမှုပညာလိုတယ်။

စာသင်ဖို့အတွက် စာသင်နည်းစနစ်၊
နည်းပညာအသုံးပြုမှုစနစ်၊
သင်ယူခြင်း၊ သင်ကြားခြင်းစနစ်လိုတယ်။

ဘဝဆိုတာ နှစ်ခုထဲကတစ်ခုရွေးရတဲ့
Or Game မဟုတ်ဘူး။
ဘဝဆိုတာ တစ်ခုထက်ပိုရွေးလို့ရတဲ့
And Game လို့ပဲ အမြဲခံယူတယ်။

Phyo Paing @ Derek

Share Your Idea!​