တစ်နေ့ကျရင် ကိုယ်လေ့လာချင်တဲ့
အိမ်ခြံမြေအကြောင်း၊
ငွေကြေးစီမံခန့်ခွဲမှု၊
မားကတ်တင်း၊
စိတ်ပညာ၊ စီမံခန့်ခွဲမှု၊
ဒစ်ဂျစ်တယ် ကုန်ပစ္စည်းတွေအကြောင်း၊
အလှအပရေးရာ၊
Influencer တစ်ယောက်ဖြစ်အောင်၊
အမှတ်တံဆိပ်ကြီးတွေနဲ့ အလုပ်လုပ်နည်း၊
ဗီဒီယိုတွေ ဖန်တီးနည်း၊
စာရေးနည်း၊
ထမင်းချက်၊ ဟင်းချက်နည်း
အစအစ ရှိတာတွေကို
ဒါတွေကို တကယ်ကျွမ်းကျင်သူတွေဆီက
နေ့စဥ် တိုက်ရိုက်လေ့လာလို့ရမယ်ဆို
ဘယ်လောက် ကောင်းလိုက်မလဲ။
ပညာသင်တဲ့အခါ ဒီအသိပညာ၊
အတတ်ပညာကိုကျွမ်းကျင်တဲ့သူ
နေ့စဥ် ဘာတွေလုပ်နေလဲ၊
ဘာတွေ လေ့လာလဲ၊ မျှဝေလဲ
ထဲထဲဝင်ဝင်လေ့လာနိုင်မယ်ဆိုရင်
လေ့လာရတာ ပိုမြန်မယ်။
စဥ်းစားတဲ့အပိုင်းကို ပိုလေ့လာနိုင်မယ်။
ဒါကတော့ InsiderNote ကို
ဖန်တီးစမ်းသပ်နေတဲ့ ရည်ရွယ်ချက်ပဲ။
Phyo Paing @ Derek