ဒုက္ခရှိရင် သူနဲ့ဆန့်ကျင်ဖက်
သုခလဲရှိတယ်။
သုခမတည်မြဲသလို
ဒုက္ခကလဲ မတည်မြဲဘူး။
ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တလို့
ဆိုကြတယ်။
အနိစ္စဆိုတာ မမြဲခြင်း။
ဖောက်ပြန်တတ်တဲ့
ရုပ်၊
စွဲလမ်းမှုကြောင့်ဖြစ်လာတဲ့
နာမ်။
တစ်ခုမှ မမြဲဘူး။
ဒါတွေက
မသိတတ်သော အဝိဇ္ဇာနဲ့
စွဲလန်းသော ဥပါဒါန်ကြောင့်
ဖြစ်တည်နေတယ်လို့
ဗုဒ္ဓက ဟောကြားခဲ့တယ်။
ဒုက္ခဆိုတာ ဆင်းရဲခြင်း။
ဒုက်ခဆိုတာ ဝဒေနာ။
ဒုက္ခဆိုတာ ဝမ်းနည်းမှု။
ဒုက္ခဆိုတာ သောကဖြစ်တယ်။
အနတ်တ ဆိုတာ နတ်တိ။
ကိုယ်ဆိုတာ မရှိဘူး။
အရာရာက တချိန်ထားခဲ့ရမှာပဲ။
ဒါကြောင့် ဖက်တွယ်မထားနဲ့တဲ့။
ဒါနဲ့ အတွေးအခေါ် စမ်းသပ်မှုတစ်ခု
ပြုလုပ်ကြည့်တယ်။
ကိုယ့်ရဲ့ ရုပ်ခန္ဓာကိုယ်ကြီးနဲ့
နာမ်ကို subscription နဲ့
ခဏငှားထားတယ်လို့ စဥ်းစားကြည့်တယ်။
တစ်နေ့ကျရင်တော့ သေချင်းတရားဆိုတဲ့
အဆုံးသတ်တဲ့ အချိန်ရှိမယ်။
ဒီ ဘဝဂိမ်းကြီးထဲမှာ
ဇာတ်ကောင်ကို အကောင်းဆုံးထိန်းကျောင်းဖို့က
ရုပ်နဲ့ နာမ်နဲ့ ချိပ်ဆက်ဖို့ သတိလိုတယ်။
ကိုယ့်ကိုယ်ကို တာဝန်ယူဖို့လိုတယ်။
အရာရာကို ဖက်တွယ်မထားဖို့လိုတယ်။
အငှားရထားတဲ့ ရုပ်နဲ့ ခန္ဓာကို
အကောင်းဆုံးအသုံးချပြီး
ဘဝထဲက တစ်နေ့လူတိုင်း
အသေထွက်ရမှာပဲ။
Phyo Paing @ Derek