Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။

ကိုယ်နေချင်တဲ့နိုင်ငံအများစုမှာ
ရင်းနှီးမြုပ်နှံမှုလုပ် အမြဲတမ်းနေထိုင်ခွင့်၊
ဒီမှတဆင့် နိုင်ငံသားခံချင်ခံလို့ရတယ်။

ဒါမှမဟုတ် တချို့နိုင်ငံတွေက
နိုင်ငံသား ဒေါ်လာ တစ်သိန်းကျော်နဲ့
ဝယ်ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်
ဗီဇာမလိုပဲ သွားလို့ရတယ်။

ပိုက်ဆံက ပေးတဲ့အရာတစ်ခုဆိုရင်
လွတ်လပ်မှုပဲဖြစ်မယ်။

ဒါကြောင့် ပိုက်ဆံများများရှာပေးနိုင်တဲ့
ပညာရပ်တွေ သင်ယူဖို့လိုတယ်လို့ထင်တယ်။

ပိုက်ဆံများများရှာနိုင်တဲ့ ပညာရပ်ဆိုတာ
လူများများကို ကိုယ့်သတင်းအချက်အလက်
ဘယ်လို ရောက်အောင်လုပ်မလဲ။
လူတွေ ဘာလိုချင်လဲဆိုတာ
ဘယ်လိုရှာဖွေမလဲ။
လူများများကို ဘယ်လိုရောင်းမလဲ။
လူများများကို အသုံးပြုပြီး
လူများများကို ဘယ်လိုဖြန့်ဖြူးရောင်းချပေးမလဲ။
ဒီပညာရပ်တွေပါတယ်။

ဒီလို ကျွမ်းကျင်မှုကို “ဝင်ငွေ ဆပွားကျွမ်းကျင်မှု”
High-income skill လို့ခေါ်တယ်။

ကြော်ငြာရေးနည်း၊ စာရေးနည်း၊
လူရှေ့သူရှေ့ဟောပြောနည်း၊
ဗီဒီယိုမှာ ကိုယ်ပြောချင်တဲ့မက်ဆေ့ကို
လူတွေ နားလည်အောင်ပြောနည်း၊
လူတွေ စိတ်ဝင်စားအောင်ပြောနည်း၊
ကွန်ပြူတာပရိုဂရမ်ရေးသားခြင်းကျွမ်းကျင်မှု၊
မားကတ်တင်းပညာ၊
စီမံခန့်ခွဲမှုပညာ ဒါတွေပါဝင်တယ်။

ခေတ်စနစ်တစ်ခုကို အသုံးချပြီး
သမာအာဇီဝ ငွေရှာဖို့က
leveraged power နည်းနည်းလုပ်
များများရနိုင်တဲ့
ကျွမ်းကျင်မှုတွေလိုတယ်။
အပေါ်က ကျွမ်းကျင်မှုတွေက
ဝင်ငွေ များများကို သမာအာဇီဝနဲ့ရှာလို့ရတဲ့
leverage လုပ်လို့ရတဲ့ကျွမ်းကျင်မှုတွေပဲ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​