တစ်ခါပဲသေတာ နေ့တိုင်းအသက်ရှင်ရတာ။
အသက်ရှင်ရတာ အဓိပ္ပာယ်ရှိဖို့
လုပ်ရတာပိုခက်တာ မှန်တယ်။
အရှေ့ generation တွေက လျှစ်စစ်မီးမရှိ၊
ရေအဆင်သင့်သုံးမရ၊ တီဗွီမရှိ၊
ဆက်သွယ်စရာဖုန်းမရှိ၊ အင်တာနက်မရှိတဲ့အပြင်
ပလိပ်ရောဂါ၊ တီဘီရောဂါ၊ ကိုလိုနီပြုကျင့်ခံရတာ၊
ဒီထက် ဖက်ဆစ်ခေတ် အစရှိတာတွေကိုတောင်
ပြန်လည်တွန်းလှန် အသက်ရှင်နိုင်ခဲ့ကြတယ်။
ဒီနေ့ခေတ်မှာ ဒီလောက်ပြဿနာတွေကို
သွေးပျက်စရာလို့ သတ်မှတ်ပြီး
စိတ်ညစ်အားငယ်နေရင် ဘိုးဘေတွေက
ငါတို့ခေတ်က ပိုဆိုးခဲ့တယ်လို့ ပြောလိမ့်မယ်။
အကောင်းဆုံးခေတ်ကို ပြန်တမ်းတ နှိုင်းယှဉ်ပြီး
စိတ်ညစ်နေတာထက် လက်ရှိကိုအကောင်းဆုံး
အသုံးချဖို့လိုမယ်။
Phyo Paing @ Derek