လောကမှာ ထိန်းချုပ်လို့ရတဲ့အရာ
များများစားစားသိပ်မရှိဘူး။
ကိုယ့်အဖေအမေ၊ ကိုယ့်သားသမီး၊
သမီးရည်းစား၊ အိမ်ထောင်သားမယား
ကိုယ်ဖြစ်စေချင်သလိုဖြစ်ဖို့
ကိုယ့်စကားနားထောင်ဖို့ လုပ်လို့ရချင်မှရမယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။
ဒါပေမယ့် ကျွန်တော်တို့
ထိန်းချုပ်လို့ရတဲ့အရာ သုံးခုရှိတယ်။
၁။ ဘယ်အရာကို အာရုံစိုက်မလဲ? (Focus)
ကိုယ့်ထိန်းချုပ်မှုအောက်မရှိတာတွေကို အာရုံစိုက်မလား။
ကိုယ်ထိန်းချုပ်လို့ရတာတွေကို အာရုံစိုက်မလား။
၂။ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ? (Meaning)
အခြေအနေကို အပေအသေလုပ်ပြီး စိတ်ညစ်နေမလား။
ပေးထားချက်ကိုအခြေတည် ခွန်အားတွေယူမလား။
၃။ ဘာတွေလုပ်မလဲ? (Action)
စိတ်ညစ်ပြီး ဘေးထိုင်ဘုပြောနေမလား။
ရှေ့ဆက်ဖို့ ကြံစဥ်၊ စီမံ၊ အားအပြည့်ထည့်လုပ်ဆောင်မလား။
ဖြစ်ချင်တဲ့အိမ်မက်တွေ အများကြီးရှိလိမ့်မယ်။
တချို့တွေ ကျိုးပျက်သွားတာဖြစ်နိုင်သလို၊
တချို့အိမ်မက်တွေ မသေချာတာဖြစ်နိုင်သလို၊
တချို့ ဆက်မက်လို့ရတဲ့ အိမ်မက်တွေရှိနိုင်တယ်။
ဘာတွေကို အာရုံစိုက်မလဲ။
ဘယ်လို အဓိပ္ပာယ်ကောက်ချက်ချမလဲ။
အနာဂတ်အတွက် ဘာတွေကိုဆက်လုပ်ကြမလဲ။
ဒါတွေက ကိုယ်နဲ့ တိုက်ရိုက်ဆိုင်တယ်။
Phyo Paing @ Derek