လူတွေက လောကကြီးကို
ကိုယ့်ပုံပြင်ထဲ ဝင်စေချင်ကြတယ်။
ကိုယ့်မိဘရဲ့ ပုံပြင်နဲ့
ကိုယ့်ပုံပြင် မတူတဲ့အခါ။
ကိုယ်ချစ်တဲ့သူနဲ့
ကိုယ့်ရဲ့ ပုံပြင်မတူတဲ့အခါ။
ဝန်ထမ်းတွေနဲ့
အုပ်ချုပ်သူရဲ့ ပုံပြင်မတူတဲ့အခါ။
Alignment လွဲတတ်ကြတယ်။
ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဖို့
ပုံပြင်နဲ့ မြင်ကြတဲ့အခါ
ပြောနေတဲ့ ပုံပြင်တွေ တူဖို့
တော်တော်အရေးကြီးတယ်။
ဒါမှ ဘဝရဲ့ အခန်းဆက်တွေမှာ
တူတူရှေ့ဆက်လို့ရမှာ။
Phyo Paing @ Derek