လူတွေက ချုပ်နှောင်ခံထားရတယ်။
ပထမ အလွှာက ငွေ။
ဒုတိယ အလွှာက စိတ်။
တတိယ အလွှာက ခန္ဓာ။
စတုတ္ထအလွှာက နှလုံးသား။
၁။ ငွေ
ငွေမရှိတဲ့ဆင်းရဲဒုက္ခကို
ပထမအလွှာကို ချွတ်ဖို့
အတတ်ပညာသင်တယ်။
အတတ်ပညာရှိတော့
အလုပ်ခွင်ဝင်
ငွေရှာလို့ရတယ်။
စီးပွားရေးလုပ်ပြီး
ငွေလာအောင်လုပ်တယ်။
ဒီငွေကို စီမံခန့်ခွဲပွားအောင်လုပ်တယ်။
ဒါက ပထမအလွှာကို ချွတ်တယ်။
ငွေပြတ်လပ်နေတဲ့အခါနဲ့
ငွေရှိတဲ့ အခါ လမ်းလျှောက်တာ
ခံစားချက်တောင်မတူဘူး။
ဒါကြောင့် ပထမအလွှာ
ငွေကြေးချုပ်နှောင်မှုကို ချွတ်ဖို့လိုတယ်။
၂။ စိတ်
အတိတ်က အရိပ်လို ဒုက္ခပေးတတ်တယ်။
အတိတ်ရဲ့ မှတ်ဥာဏ်က
ခံစားချက်တွေကို အရှင်လတ်လတ်
ပစ္စုပ္ပာန်ကို ခေါ်ဆောင်လာတယ်။
ရံဖန်ရံခါ ခံစားချက်တွေ ပြန်တက်တယ်။
ဒီစိတ်ရဲ့ အတိတ်ရဲ့ အချုပ်အနှောင်ကို
ပြန်ဖြေဖို့လိုတယ်။
ခွင့်လွတ်ရမည့်သူ ခွင့်လွတ်။
ကြေငြိမ်းစရာရှိ ကြေငြိမ်း။
၃။ ခန္ဓာ
နေ့စဥ် မရပ်မနားလည်ပတ်နေတယ်။
အသက်ရှူနေတယ်။
နှလုံးခုန်နေတယ်။
သွေးလည်ပတ်နေတယ်။
လက်သည်းခြေသည်းဆံပင်တွေရှည်နေတယ်။
ဆဲလ်တွေ သေလိုက်၊ အသစ်ဖြစ်လိုက် ဖြစ်နေတယ်။
ဒီခန္ဓာကိုယ်ကြီးရဲ့ ဝေဒနာအချုပ်အနှောင်ကိုလွတ်ဖို့
အစားအသောက်၊
ခန္ဓာကိုယ်လှုပ်ရှားမှု အထူးဂရုပြုပြီး
သူ့အချုပ်အနှောင်က လွတ်ဖို့လုပ်ရတယ်။
၄။ နှလုံးသား
လူတွေ ငွေလဲရှိ၊ စိတ်လဲကျန်းမာ၊
ကိုယ်ချမ်းသာပြီးရင် ဘာလုပ်ကြသလဲ။
အလှူအတန်းလုပ်လေ့ရှိကြတယ်။
ကိုယ့်ပတ်တန်းကျင်ကို ပြန်ပေးကြတယ်။
ကိုယ့်မှာမရှိတဲ့အရာကို ပေးဖို့ခက်တယ်။
ဒီနှလုံးသား အချုပ်အနှောင်က
ကိုယ်၊ စိတ်၊ နှလုံး သဟဇာတမဖြစ်ခြင်း။
ဒါကို ကျော်ဖို့
ငွေကြေး၊ စိတ်၊ ခန္ဓာနဲ့
ကိုယ့်နှလုံးသားအသံပြန်နားထောင်ပြီး
ငါဆိုတဲ့ အလွှာကို ဖယ်ဖို့လုပ်ရပြန်တယ်။
တစ်လွှာခြင်းချွတ်ရင်း
ဒီဘဝအတွက် အချုပ်အနှောင်ကြားက
လွတ်အောင် လုပ်ကြရတယ်။
ဒါမှ ဒီဘဝအတွက် လွတ်မြောက်မှု၊
လွတ်လပ်မှုကို ခံစားရမယ်။
Phyo Paing @ Derek