Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

“စံနှုန်း” ကို မြင့်မြင့်ထားကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ် လျော့မတွက်နဲ့။
ကိုယ်ရောက်နေတဲ့နေရာကို
သတ်မှတ်ပေးတဲ့အရာက
“စံနှုန်း standard” လို့ခေါ်ပြီး
personal development
မိမိကိုယ်ကို တိုးတက်အောင်လုပ်ရေးမှာ
ပထမဆုံးအချက်က
“raise your standard ကိုယ့်စံနှုန်းကိုယ်မြင့်ပါ”တဲ့။

ဒါကတော့ ဟိုးငယ်ငယ် ၂၀၀၇ မှာ
တိုနီရိုဘင်ရဲ့ Awaken the giant within
ခန္ဓာကိုယ်ထဲက စွမ်းအားမြင်တဲ့
လူ့ဘီလူးကို နိုးထလိုက်ပါ။
ဒီစာအုပ်မှာ ပထမဆုံး အခန်း
ပထမဆုံးစာကြောင်းရဲ့ ခေါင်းစဥ်ပဲ။

အဲ့မတိုင်ခင်က ကိုယ်ကဘူကောင်။
complaint တွေ သိပ်များတယ်။
ကိုယ်သိသိမသိသိ comment တွေထဲ
လိုက်သူများတွေကို လိုက်ဒုက္ခပေးတယ်။
ဘူမှန်းမသိ ဘူနေခဲ့တယ်။

နောက်ပိုင်းစဥ်းစားကြည့်တယ်။
ငါရဲ့ စံနှုန်းက အဲ့လောက်တောင်
နိမ့်နေသလား။

ဒါနဲ့ ပထမဆုံး ၇ ရက်
အပြစ်မပြောရေး စမ်းကြည့်တယ်။
အကြိမ်ကြိမ် fail တယ်။
နောက်ပိုင်းကျတော့ အကျင့်ဖြစ်ပြီး
အပြစ်တင်တတ်တာ၊
ကိုယ်သေချာ မသိ နားမလည်တာကို
ဝင်ငံတတ်တာ။
အကျိုးမရှိ ထိုင်ငြင်းနေတာ။
ကိုယ့်နဲ့ မထိုက်တန်တဲ့ အပြုအမူလုပ်တာတွေကို
လျော့ချဖို့ သတိပြုမိလာတယ်။

လူတွေမှာ ဦးနှောက်ဆဲလ်
ဘီလီယံတစ်ရာ ပတ်ချာလည်ရှိတယ်။
ဒါကြီးက အံ့အာသင့်စရာပဲ။
နောက် ဦးနှောက်ရဲ့ neuroplasticity ဆိုတဲ့
နိယာမက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။
သင့်အတွေး၊ အကြံ၊ အလုပ်ပြောင်းလိုက်ရင်
ဦးနှောက်ကပါ လိုက်ပြောင်းတာ။

ဒီတော့ ကိုယ့်ကိုယ်ကိုယ်လျော့မတွက်ပါနဲ့။
ဘယ်အခြေအနေ ဖြစ်ဖြစ်၊
ဘာအတွက် အလုပ်လုပ်နေတာပဲဖြစ်ဖြစ်
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖန်တီးနိုင်ဖို့
ကိုယ်နဲ့ နီးစပ်တဲ့သူတွေကိုလဲ
အကောင်းဆုံးပြန်ပေးနိုင်မှာ။
ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်ထားတဲ့
“စံနှုန်း” ကို မြင့်မြင့်ထားကြည့်ပါ။

Phyo Paing @ Derek

Share Your Idea!​