The Base
Rich Kid မဟုတ်တဲ့သူတွေအတွက်
အိပ်မက်အတွက် ၁၀၀% ပုံအောတယ်ဆိုတာ
အကောင်းဆုံး option မဟုတ်ပါဘူး။
ကိုယ့်ရဲ့ ရည်မှန်းချက်က
လူအယောက် 1 Million ကိုကူညီပေးဖို့ သို့
1 Million အထက်အသုံးပြုနေတဲ့ Product တစ်ခု
တစ်ခုဆိုပါတော့ ဒါဆိုရင် base ကို
အရင်ဆုံးတည်ဆောက်ရပါတယ်။
ပထမဆုံး small business တွေ
တည်ဆောက်တာ ဖြစ်ကောင်းဖြစ်မယ်။
Multiply လုပ်လို့ရတဲ့ စနစ်ထည့်မယ်။
Personal Brand တည်ဆောက်မယ်။
ငွေကြေးအတွက် စိတ်ပူစရာမလိုတဲ့
အခြေအနေတစ်ခုဖန်တီးမယ်။
ဒါကိုတော့ Financial freedom လို့ခေါ်ကြတယ်။
“Financial freedom ဆိုတာ အိမ်မက်တစ်ခုမဟုတ်ပါ။
ဒါသည် base တစ်ခုအတွက် မရှိမဖြစ်
လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။”
ဒုတိိယအဆင့်ကျမှ stair လှေကားထစ်
တည်ဆောက်တဲ့အဆင့်ပါ။
ဒီအဆင့်မှာ နောက်ပြန်ကျရင်တောင်
ခွေးကျမကျ ကြောင်ကျကျဖို့ တစ်ဆင့်ချင်းတက်သွားတဲ့
အဆင့်တွေ ခြေတစ်လှမ်းချင်းပြင်ဆင်တဲ့အဆင့်ပါ။
နောက်ဆုံးအဆင့်ကျမှ Dream ကို အကောင်အထည်
ဖော်တဲ့အဆင့်ပါ။
တချို့ကျတော့လဲ ဒီ Dream ပြီးသွားတဲ့အခါ
နောက် ဒီထက် ကြီးတဲ့ Dream တွေ
အကောင်အထည် ဖော်သွားကြတယ်။
အရေးအကြီးဆုံးကတော့ Base ကို
တည်ဆောက်ဖို့ မမေ့ဖို့ပါပဲ။
Phyo Paing @ Derek