၁။ စျေးကွက်လိုအပ်ချက်ကိုရှာဖွေပါ။
လုပ်ငန်းစမည့်လူအများစုက ကုန်ပစ္စည်းကစတင်ကြတယ်။ ကုန်ပစ္စည်းနဲ့ မစတင်ပါနဲ့။ စျေးကွက်လိုအပ်ချက် နဲ့စတင်ပါ။
၂။ စျေးကွက်လိုအပ်ချက်ကို ဆန်းစစ်ပါ။
ဆန်းစစ်ရန်နည်းလမ်းများ
-မေးပါ။ (Ask) ဖုန်း၊ survey၊ စကားပြောမေးလို့ရပါတယ်။
-စောင့်ကြည့်ပါ။ (Observe) (ဖောက်သည်တွေရဲ့အပြုအမူ၊ စျေးကွက်ရဲ့ trend ( ဖုန်းဆိုင်စဖွင့်တုန်းကဆို လမ်းအနေအထား၊ အဲ့နားတဝိုက်လူတွေကြိုက်တဲ့ဖုန်းအမျိုးအစား၊ ဘယ်အချိန်မှာအဝယ်များသလဲ၊ ဒီနည်းနဲ့လုပ်ခဲ့တယ်။)
-Model ယူပါ။ (နိုင်ငံခြား သို့ တခြားတစ်နေရာမှာ လုပ်နေတဲ့ပုံစံ။ ဥပမာ ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်တဲ့ trainer တချို့ က Tony Robbins ကို နမူနာယူကြတယ်။ Online Business လုပ်မယ်ဆိုနိုင်ငံခြားမှာလုပ်နေတဲ့ Dropshipping တို့၊ Fulfillment By Amazon (FBA) တို့ပုံစံကို ပြည်တွင်းမှာ သူ့နည်းသူ့ဟန် ဘယ်လိုလုပ်ရမလဲ စဉ်းစားကြည့်ပါ။)
၃။ ကုန်ပစ္စည်းကို ရှာဖွေ သို့ ဖန်တီးပါ။
ရှာဖွေ – အရင်ကဆို တရုတ်ပြည်တွင်း website China Alibaba (1688) တို့လို website ကရှာခဲ့ဖူးတယ်။ အများကြီးမှာရင် မြန်မာငွေ ၂၀၀ လောက်ပေးရတဲ့ကုန်ပစ္စည်းက ဒီရောက်ရင် ၂၅၀၀ လောက်ရောင်းလို့ရတဲ့အချိန်တွေအများကြီးရှိခဲ့ဖူးတယ်။
ဖန်တီး – အကောင်းဆုံးကတော့ ကိုယ့် product အပေါ် ၁၀၀% ထိန်းချုပ်နိုင်ခြင်းပါ။ ဒါကြောင့် ဝယ်ရောင်းပြီးရင်၊ ထုတ်ရောင်း (ဖန်တီး) တဲ့အဆင့်သွားဖို့လိုပါတယ်။ စျေးနှုန်းအရ၊ ရေရှည်အတွက် ဒီအဆင့်လိုပါတယ်။
၄။ စာရေး၊ video ရိုက်ပြီး personal နဲ့ business brand တည်ဆောက်ပါ။ တပြိုင်တည်းလုပ်ရပါမယ်။ (ဒါနဲ့ပတ်သက်လို့လဲ secrets to content marketing ကို toetet.com မှာ course လုပ်ပေးထားပါတယ်။)
၅။ Marketing, Sale, Distribution ကိုစတင်လုပ်ဆောင်ပါ။
၆။ လုပ်ငန်းကြီးလာရင် လူစခန့်ပါ။
၇။ နံပတ် ၁ အဆင့်ကိုပြန်သွား စျေးကွက်လိုအပ်ချက်ကို ပြန်ရှာ၊ ကုန်ပစ္စည်းထုတ်တဲ့အဆင့်ဆက်လုပ်ပါ။ တစ်နှစ်ကို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ် အနည်းဆုံးတစ်ခု ထပ်ထုတ်လုပ်ရောင်းချနိုင်အောင်လုပ်ပါ။ အောင်မြင်တဲ့ပစ္စည်းဘယ်အချိန် ကံကုန်မယ်ဆိုတာ မပြောနိုင်ဘူး။
၈။ Industry lifecycle ကိုသိပါ။ တချို့အလုပ်တွေက ရေရှည်လုပ်လို့မကောင်းဘူး။ အထူးသဖြင့် အရင်းအနှီးအများကြီးမရှိဘူးဆိုရင်ပေါ့။ တချို့ကျတော့ industry ပျက်သွားတာမျိုးတွေရှိတယ်။ ဥပမာ ၁၉:၁၈ မိနစ်ခေတ်က ခွေထုတ်ရင်ချမ်းသာတယ်။ နောက် ခေတ်ပြောင်းသွားတယ်။
အရင် ဖုန်းဆိုင်စဖွင့်တော့ SIM card တွေစချပေးတဲ့အချိန် တောင်းပန်ပြီးဆိုင်ပိတ်ရတဲ့အချိန်တွေရှိတယ်။ နောက်ပိုင်း industry growth rate stable ဖြစ်သွားတဲ့အခါ အရင်လိုမဟုတ်တော့ဘူး။
၂၀၁၄ တုန်းကတော့ တရုတ်တွေအများကြီး ရွှေဖြူပလာဇာတို့၊ စျေးချိုတို့လာပြီး SIM card ခေတ်မှာ USD million နဲ့ချီလာရိတ်သိမ်းသွားခဲ့တယ်။ လစာကောင်းတဲ့ အလုပ်ကိုထွက်ပြီး ဆိုင်စဖွင့်မိတယ်ဆိုတာကလဲ ဒီတရုတ်တွေတောင် သူ့နိုင်ငံက ဒီမှာလာစောင့်တယ်ဆိုတော့ ပေါ့သေးသေး trend တော့မဟုတ်လောက်ဘူးဆိုပြီး စဖြစ်ခဲ့တာ။ ၇ ရက်နဲ့ ဆိုင်အရင်းကြေတာ ကိုယ်တွေ့ဆိုတော့ industrial growth rate အရေးကြီးတာသိသွားတယ်။
ဒါကတော့ ဒီနေ့ခေတ် Online စီးပွါးရေးလုပ်မယ်ဆို သိသင့်တဲ့ အချက် ၈ ချက်ပေါ့။ ၂၀၀၉ လောက်ကစ ICBC တရုတ် bank account ဖွင့်ပြီးစခဲ့တဲ့အချိန်တောင် ပြန်သတိရမိတယ်။ ကျွန်တော်သိထားတာလေး အားလုံးအတွက် အကျိုးရှိစေမယ်ယူဆတဲ့အတွက် share လိုက်ပါတယ်။
Phyo Paing @ Derek