ဘဝမှာ အရေးအကြီးဆုံးက
စိတ်ချမ်းသာဖို့။
တိုးတက်နေရင် စိတ်ချမ်းသာတယ်။
စိတ်ငြိမ်းချမ်းနေရင် စိတ်ချမ်းသာတယ်။
အသစ်တွေ လေ့လာနေရရင်
တိုးတက်နေတယ်။
သေချာလေ့ကျင့်နေရင်
တိုးတက်နေတယ်။
စည်းကမ်းရှိရှိနဲ့
အတွေး၊ အကြံ၊ အလုပ်
အပြုအမူတွေကို
သတိနဲ့ ပြုမူရင် တိုးတက်နေတယ်။
နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေနေရင် တိုးတက်နေတယ်။
မှန်ကန်တဲ့အချိန်
မှန်ကန်တဲ့နေရာမှာ
မှန်ကန်တဲ့အလုပ်လုပ်နေရင် တိုးတက်တယ်။
ကိုယ့်ကိုကိုယ် နားလည်ရင်
စိတ်ချမ်းသာတယ်။
လူတွေကို နားလည်ရင်လဲ
စိတ်ချမ်းသာတယ်။
စိတ်ထားတတ်ရင်လဲ
စိတ်ချမ်းသာတယ်။
ဘဝမှာ အရေးအကြီးဆုံးကတော့
စိတ်ချမ်းသာဖို့ပဲ။
Phyo Paing @ Derek