Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီအချက်နားလည်သွားတဲ့အချိန်
ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။

ဘဝမှာ ပင်ပင်ပန်းပန်း
ကြိုးစားဖူးတယ်။
ပင်ပန်းသလောက်
လက်ထဲငွေမကျန်ဖြစ်တယ်။

ဘာအတွက်အသက်ရှင်နေသလဲဆိုတဲ့
မေးခွန်းတောင်မေးဖူးတယ်။
ဘယ်တော့များ ငါလုပ်ချင်တာ
လုပ်ရမလဲစဥ်းစားတယ်။

တစ်နေ့တစ်နေ့ အလုပ်သာလုပ်နေတာ။
အရှေ့က ရောက်တယ်။
အပေါ်မတက်သွားဘူး။

ဘာကြောင့်လဲဆိုတော့
လမ်းလွဲကြီးမှာ တင်းခံနေလို့ဖြစ်နိုင်ပါတယ်။

အထာကျကျ ဆရာကျကျ
ဘဝကို မပင်မပန်းနဲ့ဖြတ်သန်းပြီး
ရေမြင့်လေ ကြာသင့်လေဖြစ်ဖို့
Flow ဆိုတာလိုတယ်။

အလုပ်လုပ်လို့ လုပ်မှန်းမသိ၊
ကိုယ်လုပ်လိုက်တဲ့အလုပ်ကလဲ
ကြာလေ အစွမ်းထက်လေ။
အချိန်ဆိုတာ မကြည့်မိဘဲ
နေ့ရက်တိုင်းက စျာန်ဝင်နေတာမျိုး။

အသက်ရှင်ပြီး အသက်ဝင်နေတာမျိုးပေါ့။
လူတွေက အချစ်နဲ့စတွေ့တဲ့အချိန်မှာလဲ
အသက်ရှင်ပြီး အသက်ဝင်တယ်။
အလုပ်နဲ့ ဘဝ ထပ်တူကျတဲ့အခါလဲ
အသက်ရှင်ပြီး အသက်ဝင်တယ်။

ဒီ Flow ကို သိဖို့
ကိုယ့်ကိုကိုယ် ပြန်ရှာဖွေပြီး
ဒီဇိုင်းလုပ်မှရမယ်။

ဒီအချက်နားလည်သွားတဲ့အချိန်
ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။

ကိုယ့် Flow ကိုယ်
ဆရာကျကျလုပ်ဆောင်နိုင်ရင်
သံသရာတစ်ကွေ့
ဒီတစ်နေ့အတွက်ကတော့
လူဖြစ်ရကျိုးနပ်နေမှာ
အမှန်ပဲ။

Phyo Paing @ Derek

Share Your Idea!​