Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်ခုခုဆိုငါဒါကို ဘာကြောင့်လုပ်ရသလဲအမြဲပြန်မေးကြည့်မိတယ်။

ပညာရေးရဲ့ရန်သူက
ကျောင်းတွေဖြစ်လာတတ်ပြီး
လှုံခြုံရေးရဲ့ ရန်သူက
ကာကွယ်ရေးအဖွဲ့အစည်းတွေ
ဖြစ်လာတတ်တယ်။

တရားဥပဒေစိုးမိုးရေးရဲ့
ရန်သူက အစိုးရဖြစ်လာတတ်ပြီး
ကျန်းမာရေးရဲ့ရန်သူက
ဆေးဝါးကုမ္ပဏီတွေဖြစ်လာတတ်တယ်။

ချစ်ခင်စုံမက်ပေါင်းသင်းနိုင်ဖို့
ရန်သူက အိမ်ထောင်ရေးဖြစ်နေတတ်ပြီး
တရားရဖို့ရန်သူက
တရားဟောဆရာဖြစ်နေတတ်တယ်။

တစ်ကမ္ဘာလုံးက အဖြစ်အပျက်တွေပါ။

ပထမမူအခြေပြုစဥ်းစားခြင်း
First Principle Thinking ကို
မကျင့်သုံးနိုင်ရင်
ရည်ရွယ်ချက်နဲ့ ဖြစ်နေတာနဲ့
လွတ်လွတ်သွားနိုင်တယ်။

ဒါကြောင့် တစ်ခုခုဆို
ငါဒါကို ဘာကြောင့်လုပ်ရသလဲ
အမြဲပြန်မေးကြည့်မိတယ်။

Phyo Paing @ Derek

Share Your Idea!​