ဘဝမှာက ဒုက္ခတွေသိပ်များတယ်။
ဒုက္ခတွေနဲ့ ဘဝကိုနေတတ်အောင်
တော်တော်လေ့ကျင့်ယူရတယ်။
သူတပါးအလုပ်လုပ်လဲ ဒုက္ခ။
ကိုယ်တိုင်အလုပ်လုပ်လဲ ဒုက္ခ။
လောကမှာ လူဖြစ်နေသမျှ
ဒုက္ခတွေရှိနေမှာပဲ။
အိုမယ်၊ နာမယ်၊ သေမယ်။
ဖြစ်မယ်၊ ပျက်မယ်။
ပျက်ပြီးရင် ပြန်ဖြစ်မယ်။
သုခဖြစ်လိုက်၊ ဒုက္ခဖြစ်လိုက်မှာ
ဖြစ်ချင်တဲ့ ဆန္ဒတွေများပြီး
ဖြစ်မလာတဲ့အခါ
ဒုက္ခတွေသိပ်များတယ်။
ဒါကြောင့် တခါတလေ
ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာနဲ့
နှစ်ခုကို ချိန်ငြိရတယ်။
ဖြစ်ချင်တာတွေများပြီး
ဖြစ်နိုင်တာနည်းရင် ဒုက္ခရောက်တယ်။
ဖြစ်နိုင်တာများပြီး
မဖြစ်ချင်ရင်လဲ အစွမ်းအစ
အကုန်မထွက်ပြန်ဘူး။
ဘဝဆိုတာ ကြိုးတန်းပေါ်
လမ်းလျှောက်နေသလိုပါပဲ။
သုခနဲ့ပဲ ချစ်ကျွမ်းဝင်လို့မရဘူး။
ဒုက္ခတွေနဲ့လဲ မိတ်ဆွေဖွဲ့ဖို့လိုတယ်။
ဘဝရဲ့သရုပ်လက္ခဏာက
ဒုက်ခပဲ။
စိတ်တော်တော်ထားတတ်ဖို့လိုတယ်။
ကိုယ်လိုချင်တာမရရင်
ပိုကောင်းတာရလိမ့်မယ်လို့ပဲ
နှလုံးသွင်းလိုက်တယ်။
အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့ပဲ
အကျွမ်းမဲ့ယုံကြည်ထားလိုက်တယ်။
Phyo Paing @ Derek