Rule 1 – မနှိုင်းယှဥ်ပါနဲ့။
သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့.
Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။
တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။
Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။
ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို motivated ဖြစ်အောင်လုပ်ပေးတဲ့ drive နဲ့ inspiration ပေးတဲ့အကြောင်းအရာနဲ့ လူတွေနဲ့ ဘယ်အရာတွေက သင့်ကိုစိတ်ညစ်စေလဲ။ ဒါတွေကိုသေချာသိရှိလေ့လာဖို့လိုတယ်။ ကိုယ့်ကိုကိုယ်သိရင် စိတ်ပွဲတစ်ဝက်အောင်ပြီလို့ ဆွန်ဇူးကလဲပြောခဲ့တယ် မဟုတ်လား။
Rule 4 – ချစ်တဲ့အလုပ်ကိုလုပ်ပါ။
အလုပ်ဆိုတာ ဒီအတိုင်းကြီးတော့ချစ်မလာဘူး။ လူအများစုက Passion လို့ပြောလိုက်ရင် အလုပ် Job ကိုပဲမြင်ကြတယ်။ အမှန်တော့ passion ဆိုတာ activites ကိုပြောတာဗျ။ ဥပမာ အရင်က အလုပ်တစ်ခုထဲမှာ focus လုပ်ဖို့ အခက်အခဲအမြဲတမ်းရှိခဲ့တယ်။ မတူညီတဲ့ industry တွေမှာ လုပ်ကြည့်ချင်တယ်။ နောက်ပိုင်းပြန်စမ်းစစ်တော့ ကိုယ့်ကို ရင်ခုန်စေတဲ့ activities က new နဲ့ learning & knowledge ဖြစ်နေတာကိုတွေ့ရတယ်။ ဒီတော့ new တွေကို အစားထိုးဖို့ အသစ်တွေဖန်တီးလိုက်တယ်။ Industry ပြောင်းဖို့အစားထဲထဲဝင်ဝင်လေ့လာပြီး အကြံပေးနိုင်ဖို့ consulting လုပ်ဖြစ်တယ်။ သိထားတာကို ပြန်လည် sharing လုပ်ပေးတာကိုသဘောကျတဲ့အတွက် စာသင်တယ်။ Passion ဆိုတာ activies ပါ။
Rule 5 – ငွေကြေးအတွက် သူငယ်ချင်းငါးယောက်ထားပါ။
တကယ်တမ်း သူငယ်ချင်း Social circle ဆိုတာ မေးထူးခေါ်ပြောရှိတယ်။ ခင်တဲ့သူငယ်ချင်းရှိတယ်။ ဝါသနာတူရှိတယ်။ အရေးကြီးတာ ငွေကြေးအတွက် အလုပ်လုပ်တဲ့ သူငယ်ချင်း ငါးယောက်ရှိဖို့လိုတယ်။ ဒါက သင့်ဘဝအတွက် financial leverage လုပ်တဲ့အခါ အဆင်ပြေစေမှာဖြစ်ပါတယ်။
Rule 6 – ကိုယ့်ကို မီးငြိပေးနိုင်သူတွေရှိနေပါစေ။
လူညံ့တွေက အတင်းအဖျင်းပြောတယ်။ သာမာန်နဲ့အထက်က idea တွေအကြောင်းပြောတယ်လို့ပြောကြတယ်။ တကယ်လို့ ကိုယ်က စာဖတ်တဲ့သူ၊ idea တွေရှိတဲ့သူဆို ဆွေးနွေးတိုင်ပင်ဖို့၊ အနည်းဆုံးနားထောင်ပေးမည့်သူတွေလိုတယ်။ ဒီတော့ မီးငြိပေးနိုင်သူ မီးဇာကူးလို့ရတာ ဘယ်သူတွေလဲဆိုတာာ သိဖို့ရယ်၊ regular communication ရှိဖို့အရေးကြီးပါတယ်။
Rule 7 – ကိုယ်တိုင် philosophy ရှိပါစေ။
ကျွန်တော့်ရဲ့ philosophy 14 ခုကိုရေးခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ philosphy အချို့က “အဆင်သင့်မဖြစ်ခင်စတင်ပါ။” Progress က Perfect ထက်ပိုကောင်းပါတယ်။ “အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။” “လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။” “အတွေ့အကြုံတွေမှာ invest လုပ်ပါ။” “ငွေပြန်ရှာပေးနိုင်တဲ့အရာတွေမှာ ငွေသုံးပါ။” အစရှိတာတွေပေါ့။ Personal philosophy ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ကွာနိုင်တယ်။
Rule 8 – ပြန်လည်တည်ဆောက်ရမှာ မကြောက်ပါနဲ့။
Zero-setting ဆိုတဲ့ concept ကိုလဲ မိတ်ဆက်ခဲ့ဖူးတယ်။ ကျွန်တော်ကိုယ့်ကိုကိုယ်နာမည်ပေးထားတာလေးပါ။ တကယ်လို့ အရာရာကို သုညက ပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။
Rule 9 – လျစ်လျူရှုမှု အနုပညာ
မဆိုင်တဲ့အရာတွေ၊ ကိုယ့်ရည်မှန်းချက်ရောက်အောင် မကူညီပေးနိုင်တဲ့ အရာတွေကို လျစ်လျူရှုနိုင်ဖို့အရေးကြီးပါတယ်။ Social media သုံးရင်ပိုတောင်တွေ့ရပါလိမ့်မယ်။
Rule 10 – ကိုယ်ချင်းစာစိတ်ရှိပါ။ စေတနာထားပါ။
ဒီအချက်က လုပ်ငန်းအတွက်၊ ဘဝအတွက် တော်တော်ကူညီပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဖောက်သည်တွေအခုချိန်ထိရှိနေတာ ဒီအချက်တွေကြောင့်လို့လဲထင်တယ်။ ကိုယ်မလိုဘူးထင်တာကို ထိုးမရောင်းဘူး။ ကိုယ်ချင်းစာစိတ်ရှိတဲ့ နားလည်ပေးတတ်တဲ့အခါ ဘဝမှာ ချက်ချင်းအကျိုးမပေးပေမယ့် စိတ်အေးချမ်းရပါတယ်။
Rule 11 – အလုပ်အပေါ်ရူးသွပ်ပါ။
ကိုယ်ချစ်တဲ့ activities ကိုတွေ့ရင် အလုပ်ကို obsessed ဖြစ်ဖို့လိုပါတယ်။ တစ်ရက်ကို ၁၀ နာရီလောက်က အလုပ်နဲ့ မကင်းတဲ့အတွက် အလုပ်အပေါ်ရူးသွပ်စိတ်လိုတယ်။
Rule 12 – ခွင့်လွတ်တတ်ပါ။
တရုတ်ဇာတ်ကားတွေနဲ့ ကြီးလာတော့ ဂလဲ့စားချေတာတွေအမြဲတွေ့ခဲ့တယ်။ ခွင့်လွတ်တတ်ဖို့ တော်တော်ကြီးကြိုးစားလာခဲ့ဖူးတယ်။ လူတွေကို ခွင့်လွတ်တတ်ရင် negative emotion မရှိတော့ဘူး။ negative emotion မရှိရင် အလုပ်လုပ်ရတာ အဆင်ပြေလာတယ်။
စဥ်းစားမိတာလေးကို Rule ဆိုပြီးချရေးလိုက်တာပါ။
Phyo Paing @ Derek