ဒါကို တချို့က ကုသိုလ်လို့ခေါ်တယ်။
စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို
လူတိုင်းရဲ့ ဘဝပေးကုသိုလ်ကံမတူဘူး။
ပိုအရေးကြီးတာ ဒီဘဝပေးကုသိုလ်ကံ
အလုပ်လုပ်ပုံကိုနားလည်ဖို့ပဲ။
ဘဝမှာ ဖြစ်ချင်တာမဖြစ်တဲ့သူတွေ
အများကြီးတွေ့ဖူးလိမ့်မယ်။
တချို့ဖြစ်ချင်တာဖြစ်တယ်။
ခဏနေရင်မတည်မြဲဘူး အကုန်ပြန်ကုန်တယ်။
တချို့က ဖြစ်ချင်တာကို ခက်ခက်ခဲခဲကြိုးစားရတယ်။
တချို့က ဖြစ်ချင်တာဖြစ်ဖို့
အမြဲအထောက်အပံ့ကောင်းတွေရှိတယ်။
တချို့က ဖြစ်ချင်ရင် အလွယ်တကူဖြစ်လာတာမျိုး။
တချို့က ဖြစ်ချင်စရာကိုမလိုတာ
ဘဝက အရံသင့်ဖြစ်နေတာမျိုး။
လူတွေရဲ့ ကုသိုလ်ကံအကျိုးပေးမတူဘူး။
ဖြစ်ချင်တာ မဖြစ်လို့
ကံဆိုးနေတာတော့လဲ မဟုတ်ဘူး။
ကံကောင်းတာလဲဖြစ်နိုင်တယ်။
စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းကို
သေချာနှလုံးသွင်းနိုင်ရင်
တရားစောစောရနိုင်တယ်။
ဒါပေမယ့် ဒါကိုပြောင်းပြန်လုပ်ဆောင်နေရင်တော့
တစ်မျိုးတစ်ဖုံဖြစ်သွားလိမ့်မယ်။
ကိုယ့်ဘဝရဲ့ ပေးထားချက်က
အဖြေရှာလို့ရတယ်။
Phyo Paing @ Derek