ပညာရှိက စိတ်ချမ်းသာတယ်။
လူတော်က သူလိုချင်တာရအောင်ယူနိုင်တယ်။
လူကောင်းက သူတပါးထိခိုက်တာမလုပ်ဘူး။
လူတတ်က ပညာရပ်တစ်ခုကို ကျွမ်းကျင်တယ်။
ပညာတတ်ဆိုတာ ပညာတစ်ခုကို တတ်ကျွမ်းတာ။
ပညာတတ်တိုင်း မချမ်းသာဘူး။
လူကောင်းတိုင်းလဲ လိုချင်တာမရဘူး။
လူတော်တိုင်း လိုချင်တာရလဲ မပျော်ဘူး။
ပညာရှိဖို့က ဥာဏ်ပညာလိုတယ်။
Graphic design လုပ်တတ်တာ၊
Video editing လုပ်တတ်တာ၊
Ads run တတ်တာ၊
Content ရေးတတ်တာ
ဒါက လူတတ်။
တတ်တိုင်းလဲမတော်ဘူး။
လုပ်တတ်တိုင်း လိုချင်တာရအောင်
တော်ချင်မှ တော်တာ။
တော်တဲ့သူတိုင်းကလဲ
သမ္မာအာဇီဝကျကျလုပ်ဆောင်တဲ့
လူကောင်းဖြစ်ချင်မှဖြစ်မှာ။
လူကောင်းဖြစ်ရင်လဲ
ဂိမ်းရဲ့သဘောတရားအကုန်လုံးကို
မြင်နိုင်တဲ့ ဥာဏ်ပညာရှိချင်မှရှိမှာ။
Phyo Paing @ Derek