Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝရဲ့ operation system

စိတ်အေးချမ်းချင်ရင်
ဗုဒ္ဓစကားနားထောင်ပါ။​

လူအများစုက ဘဝမှာနေထိုင်မှု
ဘဝရဲ့ operation system
ရေရေရာရာမရှိကြဘူး။

ဗုဒ္ဓက ဘဝကိုဖြတ်သန်းဖို့
operation system တစ်ခုပေးခဲ့တယ်။
ဒါပေမယ့် အများစုက
ဒီ operation system ကိုအသုံးမချနိုင်ဘူး။

ဗုဒ္ဓက ဘဝကို မဂ္ဂင်ရှင်းပါးနဲ့ဖြတ်သန်းဖို့
နည်းပေးလမ်းပြခဲ့တယ်။
ပထမတစ်ပါးကျင့်သုံးနိုင်ရင်ကို
ဘဝကြီးက တော်တော်ကောင်းမွန်လာမယ်။

ဒါကတော့ “မှန်ကန်တဲ့အမြင်”။
သမ္မာဒိဋ္ဌိ ပဲ။

ငွေရေးကြေးရေးအတွက်
မှန်ကန်တဲ့အမြင်မရှိရင်
ငွေရေးကြေးရေးအရ
အမြဲတိုင်ပတ်မယ်။

အချစ်ရေးအတွက်
မှန်ကန်တဲ့အမြင်မရှိရင်
အချစ်ရေးမှာ အမြဲတိုင်ပတ်မယ်။

လူမှုရေးမှာ မှန်ကန်တဲ့အမြင်မရှိရင်
လူမှုရေးမှာ အမြဲတိုင်ပတ်မယ်။

စီးပွါးရေးမှာ မှန်ကန်တဲ့အမြင်မထားနိုင်ရင်
စီးပွါးရေးလုပ်တိုင်းတိုင်ပတ်မယ်။

ဘဝမှာ မှန်ကန်တဲ့အမြင်မရှိရင်
ဘဝဖြတ်သန်းမှုမှာ အမြဲတိုင်ပတ်မယ်။​

သံသရာကလွတ်မြောက်ဖို့
မှန်ကန်တဲ့အမြင်လိုသလို၊
သံသရာထဲဖြတ်သန်းဖို့လဲ
မှန်ကန်တဲ့အမြင်လိုတယ်။

Phyo Paing @ Derek

Share Your Idea!​