မဟာဗျူဟာဆိုတာ
အခုချက်ချင်းချ
အခုချက်ချင်းလုပ်ဆောင်လို့ရတဲ့
အရာမဟုတ်ဘူး။
တစ်ကွက်ချင်းရွေ့သွားရတဲ့အရာ။
ကိုယ်က တက္ကသိုလ်ကျောင်းတတ်တယ်။
ကျောင်းမပြီးခင်ကတည်းက
ကျောင်းပြီးရင် ငါဘာလုပ်မယ်။
ဘယ်ကိုသွားမယ်။
အနာဂတ်ဖြစ်နိုင်ခြေကို
အနာဂတ် A, B, C ကို ပုံဖော်တဲ့
Scenario planning လိုတယ်။
ကျောင်းတတ်တုန်းမှာ
ဘယ်သူတွေနဲ့ပေါင်းမယ်၊
ဘာတွေကြိုလေ့လာထားမယ်၊
ဘာအလုပ်တွေလုပ်မယ်၊
ဘယ်သူတွေနဲ့တွေ့မယ်
ကြိုတင်ပြင်ဆင်ထားလို့ရတယ်။
စစ်ဘုရင် နပိုလီယံလိုပေါ့။
ကျောင်းသားဘဝကတည်းက
သင်င်္ချာပညာ၊ ပထဝီ၊ စစ်ပညာနဲ့
ရူပဗေဒတွေကို လေ့လာသလို
စစ်ဘုရင်တွေဖြစ်တဲ့
Hannibal, Julius Caesar,
Alexander the Great တို့ကိုလေ့လာတယ်။
အနာဂတ်ပလန်အတွက်
တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားတယ်။
တရုတ်မှာဆို ဟန်မင်းဆက်ကိုတည်ထောင်တဲ့
ရွာသားအသက်ကြီးမှ
ဘုရင်ဖြစ်လာတဲ့ လုန်ပန်း Liu Bang (劉邦) ဆိုတာရှိတယ်။
ရွာသားကနေ တရုတ်တစ်နိုင်ငံလုံးရဲ့ဘုရင်
ဟန်မင်းဆက်ကို တည်ဆောက်ဖို့အတွက်
လူတော်တွေလာအောင်၊
အကွက်ချတာ၊ ပြဿနာဖြေရှင်းတာ၊
ပညာရှင်တွေနဲ့ ဝန်းရံတာ၊
ပါဝါပလေးလာလုပ်တဲ့ စစ်သူကိုနှိမ်နင်းတာ
မဟာဗျူဟာ အကွက်ရွေ့မှုတွေ
အများကြီးလုပ်ရတယ်။
ကံကောင်းရုံနဲ့ ဘဝတစ်ဆစ်ချိုးဖြစ်ရင်
တစ်ခါ၊ နှစ်ခါပဲဖြစ်မယ်။
ဘဝမှာ အကြိမ်ကြိမ်ဖြစ်ဖို့
ဥာဏ်ကောင်းဖို့လိုတယ်။
အထူးသဖြင့် မဟာဗျူဟာဥာဏ်ရှိဖို့လိုတယ်။
Phyo Paing @ Derek