အသက်ကြီးလာတော့
အဿပြာကို ကိုးကွယ်တယ်။
ပိုက်ဆံမရတဲ့အလုပ် မလုပ်ဘူး။
ကိုယ့်အချိန်နဲ့ ပြန်ရတာ မတန်တဲ့အလုပ်မလုပ်ဘူး။
ကိုယ့်အတွက် အကျိုးမရှိတဲ့သူမပေါင်းဘူး။
အဲ့လို ခပ်ကြမ်းကြမ်းနဲ့
ဘဝကိုဖြတ်သန်းတယ်။
လူတိုင်းက
၁။ ငွေ
၂။ ဂုဏ်
၃။ တရား
ဒီသုံးခုလိုချင်ကြတာပဲ။
အခြေခံကတော့ ငွေ။
ငွေပေးနိုင်တဲ့ပေါ်မူတည်ပြီး
လေယာဉ်စီးရင်တောင်
ထိုင်တဲ့နေရာမတူ၊
ဆက်ဆံပုံမတူဘူးမဟုတ်လား။
အချစ်က ပြောင်းလဲတတ်တယ်။
ပိုက်ဆံက မပြောင်းလဲဘူး။
လူတိုင်း ပိုက်ဆံကြိုက်တယ်။
အဲ့လို ခပ်ကြမ်းကြမ်းရေးချင်တာ။
ကောင်းမကောင်းမသိ။
Phyo Paing @ Derek