သင်ဖူးတဲ့ပညာအရည်အချင်း၊
သွားဖူးတဲ့နေရာ၊
တွေ့ဖူးတဲ့သူ၊
ကျော်လွှားဖူးတဲ့အခက်အခဲ၊
ရဖူးတဲ့အတွေ့အကြုံ၊
ဆွတ်ခူးဖူးတဲ့ရလဒ်မတူရင်
အမြင်တွေလဲမတူနိုင်ဘူး။
အမြင့်မတူရင် အမြင်တွေမတူသလို၊
အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။
တချို့ နယ်ပယ်တစ်ခုမှာထိပ်ဆုံးရောက်နေသူတွေရဲ့
စကားတချို့ကို ကိုယ်က “ငပိန်း” လို့
ကောက်ချက်ချချင်ပြီဆို
“ငါမမြင်တာ သူဘာမြင်လို့လဲ၊
ဘာတွေ ဆက်လေ့လာဖို့လိုမလဲ”
ဒီမေးခွန်းမေးကြည့်လိုက်။
ကိုယ်လဲ ပိုတိုးတက်လာလိမ့်မယ်။
ကျွန်တော်ကတော့ အဲ့လိုပဲကျင့်သုံးတယ်။
Phyo Paing @ Derek