နောက် နှစ် ၁၀ နေရင်
ဒီနေ့ရဲ့ ငယ်ရွယ်မှုကို
ပြန်ပြီး သတိရနေလိမ့်မယ်။
ဘဝကို နေ့စဉ် အကောင်းဆုံးအသက်ရှင်။
နောင်တမရအောင်နေတတ်တာ
ဘဝရဲ့ပညာပဲ။
နောင်တမရအောင်
နေ့စဉ် ပါရမီဖြည့်။
ပါရမီဆိုတာ မြင့်မြတ်သူတို့အလုပ်တဲ့။
တစ်ယောက်နဲ့တစ်ယောက်ရဲ့
ဦးစားပေး priority တော့တူချင်မှတူလိမ့်မယ်။
ကျွန်တော့်အတွက်ကတော့
ပထမ ငါးခုကတော့ အပြည့်ဖြည့်နိုင်တယ်လို့ထင်တယ်။
ကျန်တဲ့ ငါးခုကတော့ ကြိုးစားတုန်း။
ပညာ ပါရမီ = အမှန်တိုင်းသိခြင်း
အဓိဋ္ဌာန ပါရမီ = ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။
ဝီရိယ ပါရမီ = ဇွဲလုံ့လကြီးခြင်း။
သစ္စာ ပါရမီ = မှန်ကန်ခြင်း။
ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊
သီလ ပါရမီ = ကိုယ်ကျင့်တရားကောင်းခြင်း။
ဒါန ပါရမီ = ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့) စွန့်လွှတ်ခြင်း။
မေတ္တာ ပါရမီ= သူတစ်ပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။
နေက္ခမ္မ ပါရမီ = တပ်မက်မှုကင်းခြင်း။
ခန္တီ ပါရမီ = သည်းခံခွင့်လွှတ်ခြင်း။
Phyo Paing @ Derek