Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

The smartest move is sometimesnot to force it.

ရုန်းကန်တာ ထုံးစံဖြစ်တာကို
ကျော်လွှားဖို့ ဝူးဝေ။
无为 (Wú Wéi)

တရုတ်လို 无为 လို့ရေးတယ်။
အဓိပ္ပာယ်က “မလုပ်ဘဲ လုပ်ခြင်း” ပါ။

ဒါက Lao Tzu ရဲ့ Tao Te Ching ကနေ လာတယ်။
နှစ်ပေါင်း ၂၅၀၀ ကျော်ရှိပြီ။

Wu Wei ဆိုတာ ပျင်းလို့ မလုပ်တာ မဟုတ်ဘူး။
Force မလုပ်ဘဲ Flow နဲ့သွားတာ။

ရေစီးကြောင်းကို ကြည့်ပါ။
ရေက ကျောက်တုံးကို တွန်းမဖယ်ဘူး။
ရှောင်သွားတယ်။
ဒါပေမဲ့ နှစ်ထောင်ကြာရင်
ကျောက်တုံးက ပြေပြစ်သွားတယ်။

ဒါ Wu Wei ပါ။

လူတွေက ပြဿနာတက်ရင်
တွန်းတယ်၊ ဆွဲတယ်၊ အတင်းလုပ်တယ်။
ပိုဆိုးသွားတယ်။

Wu Wei က ဘယ်လို သုံးလဲ?

ငြင်းခုံနေတဲ့သူကို အတင်းမပြောနဲ့။
နားထောင်ပါ။
သူ့ဘာသာ သူ မြင်လာလိမ့်မယ်။

Business မှာ trend ကို အတင်းမဖန်တီးနဲ့။
Market ရဲ့ flow ကို ဖတ်ပြီး စီးပါ။

ကိုယ့်ဘဝမှာ အရာရာကို control လုပ်ချင်တဲ့စိတ်
လွှတ်လိုက်ပါ။
ဒါ အားနည်းတာ မဟုတ်ဘူး။
ဒါ ပညာပါ။

ဗုဒ္ဓရဲ့ ဥပက္ခာနဲ့ Lao Tzu ရဲ့ Wu Wei
အူတူပါပဲ။
မတွန်းနဲ့၊ မဆွဲနဲ့၊ စီးမျောပါ။

စီးမျောတယ်ဆိုတာ
ဦးတည်ချက်မရှိဘဲ မျောတာ မဟုတ်ဘူး။

ဘယ်ကိုသွားမလဲ သိပြီး
လမ်းကို အတင်းမဖောက်ဘဲ
ရှိပြီးသား စီးကြောင်းကို သုံးတာ။

The smartest move is sometimes
not to force it.

Phyo Paing @ Derek

Share Your Idea!​