လူတိုင်း ဘဝကို ဒီဇိုင်းဆွဲလို့ ရတယ်
ဒါပေမဲ့ လူအများစု ဒီဇိုင်းမဆွဲဘူး
သူများ ဆွဲထားတဲ့ ဒီဇိုင်းထဲ နေတယ်
မနက် ၇ နာရီ ထ
ရုံးသွား
ညနေ ၅ နာရီ ပြန်
ထမင်းစား
ဖုန်းကြည့်
အိပ်
ဒါ ကိုယ့်ဘဝ မဟုတ်ဘူး
ဒါ သူများ ဆွဲထားတဲ့ အချိန်ဇယားထဲ ကိုယ် ဝင်နေတာ
Lifestyle Design ဆိုတာ
ဘယ်ကား စီးမလဲ
ဘယ်အိမ် နေမလဲ
ဆိုတာ မဟုတ်ဘူး
ကိုယ့်ရဲ့ တစ်နေ့တာ ဘယ်လို ဖြတ်သန်းချင်လဲ
ဒါကို ကိုယ်တိုင် ရွေးတာ
မေးခွန်း ၄ ခု ရှိတယ်
၁။ မနက် ၁၀ နာရီမှာ ကိုယ် ဘာလုပ်နေချင်လဲ
ရုံးထဲ ထိုင်နေချင်လား
ကော်ဖီဆိုင်မှာ စာရေးနေချင်လား
ကလေးနဲ့ ကစားနေချင်လား
၂။ ဘယ်သူတွေနဲ့ အချိန်ဖြုန်းချင်လဲ
ကိုယ် မကြိုက်တဲ့လူတွေနဲ့ ၈ နာရီ အတူနေမလား
ကိုယ် ချစ်တဲ့လူတွေနဲ့ နေမလား
၃။ ဘယ်မှာ နေချင်လဲ
နေရာ ကိုယ်ရွေးလို့ ရရင် ဘယ်မှာ နေမလဲ
၄။ ဘာ မလုပ်ချင်လဲ
ဒါ အရေးအကြီးဆုံး မေးခွန်း
ကိုယ် လုပ်ချင်တာ မသိရင်တောင်
မလုပ်ချင်တာ သိရင် အစ ရှိပြီ
လူအများစုက ဒီမေးခွန်းတွေ မမေးဘူး
ဘာလို့လဲ
“ငါ့မှာ ရွေးခွင့် မရှိဘူး” လို့ ယုံထားလို့
ဒါ အကြီးဆုံး အမှား
ရွေးခွင့် အမြဲ ရှိတယ်
ဒါပေမဲ့ ရွေးမှုတိုင်းမှာ ပေးဆပ်ရတာ ရှိတယ်
လစာ များများရတဲ့ အလုပ် ထွက်ရင်
လစာ ပျောက်မယ်
ဒါပေမဲ့ အချိန် ပြန်ရမယ်
အချိန်ပိုရရင်
ကိုယ့်အိပ်မက် အတွက် သုံးလို့ ရမယ်
Lifestyle Design ဆိုတာ
ချမ်းသာဖို့ မဟုတ်ဘူး
ကိုယ့်ဘဝကို ကိုယ် ပိုင်ဖို့
တစ်ချို့ ကိုယ်ပိုင် လုပ်ငန်း လုပ်ပြီး ဒီဇိုင်းဆွဲတယ်
တစ်ချို့ Remote အလုပ် လုပ်ပြီး ဒီဇိုင်းဆွဲတယ်
တစ်ချို့ ကိုယ့်အလုပ်ကိုပဲ ပိုကောင်းအောင် ပြင်ပြီး ဒီဇိုင်းဆွဲတယ်
နည်းလမ်း တစ်ခုတည်း မဟုတ်ဘူး
ဒါပေမဲ့ ပထမအဆင့် တစ်ခုတည်းပဲ
ကိုယ့်ဘဝ ဘယ်လို ဖြစ်ချင်လဲ ဆုံးဖြတ်ပါ
ပြီးမှ ဒီဘဝဆီ ရောက်ဖို့ လမ်းရှာပါ
ဘဝက ကိုယ့်ကို ဒီဇိုင်းဆွဲနေတာ ခံမနေနဲ့
ကိုယ်က ဘဝကို ဒီဇိုင်းဆွဲပါ
Phyo Paing @ Derek