Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်လမ်းကို ရှာပါပြီးတော့ လျှောက်ပါ

ကိုယ့်ထဲက လမ်းကို ပြန်ရှာပါ

Robert Greene ပြောတယ်

“ကိုယ့်ဘဝရဲ့ အကြီးမားဆုံး task က
ကိုယ့်ထဲက ကိုယ် ဘယ်သူလဲ ဆိုတာ ပြန်ရှာတာ”

ငယ်ငယ်တုန်းက ကိုယ့်ထဲ တစ်ခုခု ရှိခဲ့တယ်

ပန်းချီဆွဲချင်တယ်
စာရေးချင်တယ်
လုပ်ရိုးလုပ်စဉ်ပြင်ချင်တယ်
ဂစ်တာတီးချင်တယ်
လုပ်ငန်းတည်ဆောက်ချင်တယ်

ဘာမှန်း ရှင်းရှင်း မသိဘူး
ဒါပေမဲ့ ခံစားလို့ ရတယ်

ဒီဟာ လုပ်ရင် အချိန် ကုန်မှန်း မသိဘူး
ဒီဟာ လုပ်ရင် ဘယ်သူ ခိုင်းစရာ မလိုဘူး
ဒီဟာ လုပ်ရင် ကိုယ့်ထဲ တစ်ခုခု အသက်ဝင်တယ်

Greene က ဒါကို “Natural Inclination” လို့ ခေါ်တယ်

ကိုယ့်ထဲ မွေးရာပါ ပါလာတဲ့ ဦးတည်ချက်

ဒါပေမဲ့ ဘာဖြစ်ခဲ့လဲ

ကြီးလာတယ်
လူကြီးတွေ ပြောတယ်

“ဒါနဲ့ ထမင်း စားလို့ မရဘူး”
“ဒါ အလုပ် မဟုတ်ဘူး”
“ဒါထက် ဒီဘွဲ့ ယူ”
“ဒါထက် ဒီအလုပ် လုပ်”

ပြီးတော့ ကိုယ် လွှတ်ချခဲ့တယ်

ကိုယ့် inclination ထဲက အရာကို လွှတ်ချပြီး
သူများ ပြောတဲ့ လမ်းကို လိုက်ခဲ့တယ်

ဘွဲ့ ယူခဲ့တယ် — ကိုယ် မကြိုက်တဲ့ ဘာသာ
အလုပ် ဝင်ခဲ့တယ် — ကိုယ် မကြိုက်တဲ့ အလုပ်
ဘဝ တည်ဆောက်ခဲ့တယ် — ကိုယ့်ဘဝ မဟုတ်တဲ့ ဘဝ

ပြီးတော့ တစ်နေ့ နိုးလာတယ်

“ငါ ဘာလုပ်နေတာလဲ”

Greene ပြောတယ်

“လူတိုင်းမှာ uniqueness ရှိတယ်
DNA လို ဘယ်သူနဲ့မှ မတူတဲ့ combination
ဒါပေမဲ့ လူအများစုက
သူများရဲ့ path ကို copy လုပ်ပြီး
ကိုယ့် uniqueness ကို သတ်ပစ်တယ်”

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါ

ကိုယ် ဒီနေ့ လုပ်နေတဲ့ အလုပ်
ကိုယ့်ထဲက လာတာလား
သူများထဲက လာတာလား

ကိုယ့် ဆုံးဖြတ်ချက်တွေ
ကိုယ့် natural inclination ကနေ လာတာလား
မိဘ ဆရာ သူငယ်ချင်း လူ့အဖွဲ့အစည်းက လာတာလား

ရိုးသားစွာ ဖြေပါ

Natural Inclination ကို ဘယ်လို ပြန်ရှာမလဲ

— ၁။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါ —

အသက် ၇ နှစ် ၈ နှစ် ၁၀ နှစ်

ဘယ်သူမှ မခိုင်းဘဲ ကိုယ့်ဘာသာ ဘာလုပ်ခဲ့လဲ
ဘာနဲ့ ကစားခဲ့လဲ
ဘာကို စူးစိုက်ခဲ့လဲ
ဘာလုပ်ရင် အချိန် ကုန်မှန်း မသိခဲ့လဲ

ဒါ clue

Leonardo da Vinci ငယ်ငယ်တုန်းက သဘာဝကို ပုံဆွဲခဲ့တယ်
Einstein ငယ်ငယ်တုန်းက compass ကို ကိုင်ပြီး အံ့သြနေခဲ့တယ်
ကိုယ် ငယ်ငယ်တုန်းက ဘာလုပ်ခဲ့လဲ

— ၂။ ဘာလုပ်ရင် energy ရလဲ ကြည့်ပါ —

အချို့ အရာ လုပ်ရင် ပင်ပန်းတယ်
အချို့ အရာ လုပ်ရင် energy ရတယ်

Energy ရတဲ့ အရာကို ကြည့်ပါ

ဒါ ကိုယ့် inclination ရဲ့ ဦးတည်ချက်

“ဒါပေမဲ့ energy ရတာနဲ့ ပိုက်ဆံ ရတာ မတူဘူး”

Greene ပြောတယ်
“Inclination ကို လိုက်ရင် mastery ရောက်မယ်
Mastery ရောက်ရင် ပိုက်ဆံ လိုက်လာမယ်
ပိုက်ဆံ ရှာရင်း inclination ကို ပစ်ရင်
Mastery ဘယ်တော့မှ မရောက်ဘူး
Mastery မရောက်ရင် ပိုက်ဆံလည်း ကန့်သတ်ချက် ရှိမယ်”

— ၃။ Envy ကို compass အဖြစ် သုံးပါ —

ကိုယ် ဘယ်သူ့ကို ငြူစူလဲ
အားကျသလဲ

သူငယ်ချင်း ကားအသစ် ဝယ်တာ အားကျတာ ≠ inclination
သူငယ်ချင်း စာအုပ် ရေးပြီးတာ အားကျတာ = inclination ရဲ့ signal

အားကျမှုက ပြောနေတယ်
“ဒါ ကိုယ်လည်း လုပ်ချင်တာ ဒါပေမဲ့ မလုပ်ဖြစ်တာ”

ဘာကို အားကျလဲ ကြည့်ပါ
ဒါ ကိုယ့် inclination ကို ညွှန်ပြနေတယ်

— ၄။ Resistance ရှိတဲ့ နေရာကို ကြည့်ပါ —

ကိုယ့် inclination ကို လိုက်ဖို့ ကြိုးစားရင်
ကြောက်တယ်
ခက်တယ်
လူတွေ ဘာပြောမလဲ စိုးရိမ်တယ်

ဒါ resistance

Greene ပြောတယ်
“Resistance အကြီးဆုံး ခံစားရတဲ့ ဦးတည်ချက်က
ကိုယ့်အတွက် အမှန်ဆုံး ဦးတည်ချက် ဖြစ်တတ်တယ်”

ကြောက်နေတာ ကိုယ့်ကို ပြောနေတယ်
“ဒါ ကိုယ့်အတွက် အရေးကြီးတယ်”
အရေးမကြီးတာကို ဘယ်သူမှ မကြောက်ဘူး

— ၅။ ပြီးပြည့်စုံဖို့ မလိုပါ စစတာပဲ —

Inclination ရှာတွေ့ပြီ
ဒါပေမဲ့ “ငါ အရင် ပြင်ဆင်ဦးမယ်”

မပြင်ဆင်နဲ့
စပါ

Greene ပြောတယ်
“Apprenticeship ဆိုတာ
ညံ့ညံ့ အနေနဲ့ စတာ
ပြီးတော့ ညံ့ညံ့ အနေနဲ့ ဆက်လုပ်တာ
ပြီးတော့ တစ်နေ့ ညံ့တာ ကုန်သွားတယ်”

ကိုယ့်ထဲက လမ်း ရှိတယ်
ငယ်ငယ်တုန်းက ရှိခဲ့တယ်
ဒီနေ့လည်း ရှိသေးတယ်

ဖုံးအုပ်ထားတာ
မြေ ထပ်ထားတာ
“လက်တွေ့ ကျကျ” ဆိုတဲ့ စကားနဲ့ မြှုပ်ထားတာ

ဒါပေမဲ့ ရှိသေးတယ်

တူးပါ
ရှာပါ
ပြန်ရှာပါ

ကိုယ့်ဘဝရဲ့ အကြီးမားဆုံး အလုပ်က
ကိုယ့်ထဲက ကိုယ့်ကို ပြန်ရှာတာ

သူများ ပေးတဲ့ လမ်းကို လိုက်ရတာ လွယ်တယ်
ကိုယ့်ထဲက လမ်းကို ရှာရတာ ခက်တယ်

ဒါပေမဲ့ ခက်တဲ့ လမ်းက ကိုယ့်လမ်း
လွယ်တဲ့ လမ်းက သူများလမ်း

ကိုယ့်လမ်းကို ရှာပါ
ပြီးတော့ လျှောက်ပါ

Phyo Paing @ Derek

Share Your Idea!​