Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မြန်မြန် သင်ပါဂိမ်းရဲ့ စည်းကမ်းတွေ ပြောင်းနေပြီ

ဒီနေ့အလုပ်ဖြစ်တဲ့ အရာ
မနက်ဖြန်အလုပ်ဖြစ်ဖို့ မသေချာဘူး။

ဒါကြောင့်
မြန်မြန် သင်ယူနိုင်အောင်လေ့ကျင့်ပါ
ဂိမ်းရဲ့ စည်းကမ်းတွေ ပြောင်းနေပါပြီ။

ပြီးခဲ့တဲ့ ၄ နှစ်ကို ပြန်ကြည့်ပါ

၄ နှစ်အရင်က ChatGPT ဆိုတာ မကြားဖူးသေးဘူး
ဒီနေ့ AI က ကိုယ့်အစား code ရေးပေးတယ်
ကိုယ့်အစား ပုံဆွဲပေးတယ်
ကိုယ့်အစား website တည်ဆောက်ပေးတယ်

၂၀၁၅ မတိုင်ခင်
digital marketing အတွက် ဒီဇိုင်းဆွဲရခက်တယ်။
ဒီနေ့ Canva AI နဲ့ ၅ မိနစ်

၄ နှစ်အရင်က copywriter ခန့်ရတယ်
ဒီနေ့ AI နဲ့ ၂ မိနစ်

၂ နှစ်အရင်က data analyst ခန့်ရတယ်
ဒီနေ့ AI ကို spreadsheet ပေးလိုက်ရုံ

ဒါ ၂ နှစ်အတွင်း ပြောင်းသွားတာ
နောက် ၂ နှစ် ဆိုရင် ဘယ်လောက် ပြောင်းမလဲ

မသိဘူး
ဘယ်သူမှ မသိဘူး

ဒါပေမဲ့ တစ်ခု သေချာတယ်

ပြောင်းမယ်
ပိုမြန်မယ်

ဒီနေ့ သင်ထားတာ
နောက်နှစ် outdated ဖြစ်နိုင်တယ်

ဒီနေ့ တတ်ကျွမ်းနေတာ
နောက် ၂ နှစ် ဘာ အသုံးမကျ ဖြစ်နိုင်တယ်

ဒါ ကြောက်စရာ မဟုတ်ဘူး
ဒါ reality

ဒါဆို ဘယ်လို သင်ရမလဲ

ပုံမှန် သင်တဲ့ပုံစံက

၁ ခု ကို ၄ နှစ် သင်
ဘွဲ့ ရ
အလုပ် ရှာ
“ဒီဘွဲ့ နဲ့ တစ်သက်လုံး” ထင်တတ်တယ်။

ဒါ ၁၉၉၀ ခေတ် သင်ပုံ
ဒါ ဒီခေတ်မှာ အလုပ်မဖြစ်တော့ဘူးဆိုတာ
အားတီ၊ အားမေတို့အားလုံးလဲအသိ။

ဒီခေတ် သင်ပုံ

မြန်မြန် သင်
လက်တွေ့ လုပ်
ပြီးရင် နောက်တစ်ခု ထပ်သင်

Loop

သင် → လုပ် → သင် → လုပ်

ရပ်လို့ မရဘူး
ရပ်ရင် ကျန်ခဲ့မယ်

ဘာတွေ သင်ရမလဲ

၁။ AI — ဒါ ဒီခေတ်ရဲ့ လျှပ်စစ်မီး

လျှပ်စစ်မီး မသုံးတဲ့ လုပ်ငန်း ရှင်ကျန်လား
အလားတူပဲ အနာဂတ်မှာ
AI မသုံးတဲ့ လုပ်ငန်း ရှင်ကျန်မလား
အကုန် AI သုံးလာကြပါပြီ။

ဒီနေ့ စပါ
ChatGPT ဖြစ်ဖြစ် Gemini ဖြစ်ဖြစ်
Claude ဖြစ်ဖြစ်
ဒီနေ့ ၁ ခု လုပ်ကြည့်ပါ

၂။ Data — ခံစားချက် မဟုတ်ဘဲ ဂဏန်းနဲ့ ဆုံးဖြတ်ပုံ

“ကောင်းနေတယ် ထင်ပါတယ်” ≠ ကောင်းနေတယ်
ဂဏန်း ကြည့်ပါ

၃။ Communication — AI ခေတ်မှာ လူနဲ့ ဆက်သွယ်ပုံ ပိုအရေးကြီးလာတယ်

AI က technical ကို လုပ်ပေးမယ်
ဒါပေမဲ့ negotiate လုပ်တာ
Team ကို inspire လုပ်တာ
ဖောက်သည်ကို ယုံကြည်အောင် လုပ်တာ
ဒါ လူပဲ လုပ်နိုင်တယ်

၄။ Adaptability — ပြောင်းလဲနိုင်စွမ်း

ဒါ skill မဟုတ်ဘူး
ဒါ mindset စိတ်ထားပါ။

“ဒီလို လုပ်နေကျ” ဆိုတာ ရပ်ပါ
“ဒီလိုလည်း လုပ်လို့ ရတယ်” ဆိုတာ စပါ

ကမ္ဘာကြီးက မြန်မြန် ပြောင်းနေတယ်
ကိုယ်က နှေးနှေး သင်နေရင်
ကိုယ် သင်ပြီးချိန်မှာ ကမ္ဘာက နောက်တစ်ဆင့် ရောက်နေပြီ

ပြေးနေတဲ့ ရထား ကို
ရပ်နေရင် တက်လို့ မရဘူး
ကိုယ်လည်း ပြေးမှ တက်လို့ ရမယ်

ဒီနေ့ ဘာ ၁ ခု သင်မလဲ

ဒီ ၁ ခုက ကိုယ့်နောက်နှစ်ကို ပြောင်းပေးမယ်
ဒီ ၁ ခုက ကိုယ့်ကို ရထားပေါ် တင်ပေးမယ်

မြန်မြန် သင်ပါ
ဂိမ်းရဲ့ စည်းကမ်းတွေ ပြောင်းနေပြီ

Phyo Paing @ Derek

Share Your Idea!​