အနာဂတ်
လူတိုင်း စဉ်းစားတယ်
လူတိုင်း ကြောက်တယ်
လူတိုင်း plan ချတယ်
ဒါပေမဲ့ plan ချတဲ့ လူ ၁၀ ယောက်ထဲ
တကယ် အနာဂတ် ပြောင်းသွားတဲ့သူ ၁ ယောက်ပဲ
ကျန် ၉ ယောက် ဘာဖြစ်သွားလဲ
plan ချတယ်
ကြောက်တယ်
ရွှေ့တယ်
မေ့တယ်
ပြန်ချတယ်
ပြန်ကြောက်တယ်
ပြန်ရွှေ့တယ်
Loop
ကိုယ်လည်း ဒီ loop ထဲ ရှိနေလား
ရိုးသားစွာ ဝန်ခံပါ
ပြီးခဲ့တဲ့ နှစ်ဆန်း ကိုယ် ဘာ plan ချခဲ့လဲ
ဘယ်နှစ်ခု ပြီးလဲ
အများစု မပြီးဘူး
ဒါ ကိုယ် ပျင်းလို့ မဟုတ်ဘူး
ဒါ ကိုယ့် စဉ်းစားပုံ မှားလို့
အနာဂတ်ကို စဉ်းစားပုံ ၃ မျိုး ရှိတယ်
— ပထမ — အိမ်မက်သမား —
“နှစ် ၃၀ ကြာရင် ငါ ဘယ်မှာ ရှိမလဲ”
“ငါ ကမ္ဘာလှည့်မယ်”
“ငါ passive income နဲ့ နေမယ်”
ကြီးကြီးမားမား အိမ်မက်မက်တယ်
ဒါပေမဲ့ ဒီနေ့ ဘာလုပ်ရမလဲ မသိဘူး
အိမ်မက် ကြီးလေ လှုပ်ရှားမှု နည်းလေ
ဘာလို့လဲ ဆိုတော့ gap ကြီးလွန်းလို့
gap ကြီးရင် စိတ်ဓာတ်ကျတယ်
စိတ်ဓာတ်ကျရင် မလုပ်တော့ဘူး
— ဒုတိယ — စိုးရိမ်သမား —
“အဲဒါ fail ဖြစ်ရင် ဘယ်လိုလုပ်မလဲ”
“ပိုက်ဆံ ကုန်ရင်ကော”
“လူတွေ ရယ်ရင်ကော”
မဖြစ်သေးတာကို ခံစားနေတယ်
မရောက်သေးတဲ့ နေရာကို ကြောက်နေတယ်
စိုးရိမ်ချက်ရဲ့ ၉၀% က ဘယ်တော့မှ မဖြစ်ဘူး
ဒါ data
ဒါ ခံစားချက် မဟုတ်ဘူး
ဒါပေမဲ့ ဒီ ၉၀% အတွက်
ကိုယ့်ဘဝရဲ့ ၁၀၀% ကို ရပ်ထားတယ်
— တတိယ — လက်တွေ့သမား —
ဒါ ကိုယ် ဖြစ်ချင်တဲ့ ပုံစံ
အနာဂတ်ကို ဘယ်လို စဉ်းစားလဲ ဆိုတော့
နှစ် ၃ ကြာရင် ဘယ်မှာ ရှိချင်လဲ — ရှင်းရှင်း ၁ ကြောင်း
ဒီနှစ် ဘာပြီးရမလဲ — ၃ ခု ပဲ
ဒီလ ဘာလုပ်ရမလဲ — ၁ ခု ပဲ
ဒီအပတ် ဘာလုပ်ရမလဲ — ၁ ခု ပဲ
ဒီနေ့ ဘာလုပ်ရမလဲ — ၁ ခု ပဲ
ဒါပဲ
နှစ် ၃ ကို ဒီနေ့ ၁ ခုနဲ့ ချိတ်ဆက်လိုက်တာ
ကြီးကြီးမားမား အိမ်မက်မက်စရာ မလိုဘူး
ကြောက်စရာ မလိုဘူး
ဒီနေ့ ၁ ခု
ဒါပေမဲ့ ဒီ ၁ ခုက မှန်ရမယ်
ကိုယ့်ကိုယ်ကိုယ် မေးပါ
“ဒီနေ့ ငါ လုပ်နေတာက
၃ နှစ်ကြာရင် ငါ ရှိချင်တဲ့ နေရာနဲ့ ချိတ်ဆက်နေလား”
ချိတ်ဆက်ရင် ဆက်လုပ်ပါ
မချိတ်ဆက်ရင် ရပ်ပြီး ပြန်ကြည့်ပါ
အလုပ်များနေတာနဲ့ ရှေ့ရောက်နေတာ မတူဘူး
ကိုယ် အလုပ်များနေတာ ဖြစ်နိုင်တယ်
ဒါပေမဲ့ ကိုယ် ခံတွင်းလည်နေတာ ဖြစ်နိုင်တယ်
ရေထဲ ယက်ကန်ယက်ကန်လုပ်နေတာနဲ့
ကူးနေတာ မတူဘူး
နှစ်ခုလုံး ပင်ပန်းတယ်
ဒါပေမဲ့ တစ်ခုက ရှေ့ရောက်တယ်
တစ်ခုက နေရာတူ
ဒါဆို ကိုယ့်အတွက် ဘာလုပ်ရမလဲ
၁။ ဒီနေ့ ညနေ ၁၅ မိနစ် ထိုင်ပါ
စာရွက် ၁ ရွက် ယူပါ
“၃ နှစ်ကြာရင် ငါ့ဘဝ ဘယ်လို ဖြစ်ချင်လဲ” ရေးပါ
ဝင်ငွေ ကျန်းမာရေး ဆက်ဆံရေး နေထိုင်မှု
၄ ခုပဲ ရေးပါ ၁ ကြောင်းစီ
၂။ ပြီးရင် ပြောင်းပြန် လုပ်ပါ
ဒီနှစ် ဘာ ၃ ခု ပြီးရင် ဒီ ၃ နှစ် goal နီးမလဲ
ဒီလ ဘာ ၁ ခု လုပ်ရင် ဒီနှစ် goal နီးမလဲ
ဒီအပတ် ဘာ ၁ ခု လုပ်ရင် ဒီလ goal နီးမလဲ
ဒီနေ့ ဘာ ၁ ခု လုပ်ရင် ဒီအပတ် goal နီးမလဲ
၃။ ဒီနေ့ အဲဒီ ၁ ခုကို လုပ်ပါ
မနက်ဖြန် ထပ်လုပ်ပါ
ဒါပါပဲ
အနာဂတ်ဆိုတာ
ဒီနေ့ လုပ်တဲ့ ၁ ခုကနေ တည်ဆောက်တာ
ဒီနေ့ ၁ ခုတွေ စုပြီး
၁ ပတ် ဖြစ်
၁ လ ဖြစ်
၁ နှစ် ဖြစ်
၃ နှစ် ဖြစ်
ကြီးကြီးမားမား မတွေးနဲ့
သေးသေးလေး လုပ်ပါ
ဒါပေမဲ့ မှန်တဲ့ သေးသေးလေး ဖြစ်ပါစေ
အနာဂတ်က ဒီနေ့ ကိုယ့်လက်ထဲ ရှိတယ်
ဒီနေ့ ဘာလုပ်မလဲ
Phyo Paing @ Derek