Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ရှေ့ကို မမြင်ရလည်း ကိစ္စမရှိဘူး။ပြန်ကြည့်တဲ့အခါ မြင်ရမှာပါ။

ဆေးကျောင်းတက်တုန်းက
ဘာလို့ ဒီလမ်းရွေးမိလဲ မသိဘူး။

Marketing စလေ့လာတုန်းက
ဆေးပညာနဲ့ ဘာဆိုင်လဲ မသိဘူး။

Business စလုပ်တုန်းက
ဒီအရာတွေ ဘယ်လိုချိတ်ဆက်မလဲ မသိဘူး။

ဒါပေမယ့် ပြန်ကြည့်တော့
အကုန်လုံး ချိတ်ဆက်နေတယ်။

ဆေးပညာက Systems Thinking သင်ပေးခဲ့တယ်။
Marketing က လူတွေကို နားလည်ဖို့ သင်ပေးခဲ့တယ်။
Business က အဲဒီနှစ်ခုကို ပေါင်းသုံးဖို့ သင်ပေးခဲ့တယ်။

Steve Jobs ပြောခဲ့တယ်။
“You can’t connect the dots looking forward.
You can only connect them looking backwards.”

ရှေ့ကို ကြည့်ပြီး dots တွေ ချိတ်လို့မရဘူး။
ပြန်ကြည့်မှ မြင်ရတယ်။

ဒါကြောင့် အခု ကိုယ်လုပ်နေတာ
အဓိပ္ပာယ်မရှိသလို ခံစားရရင်
စိတ်မပူပါနဲ့။

ဟိုတုန်းကလည်း ဒီလိုပဲ ခံစားခဲ့ရတယ်။
ဒါပေမယ့် ၅ နှစ်ကြာတော့ အကုန်လုံး ဆက်စပ်နေတယ်။

ယုံကြည်မှု တစ်ခုပဲ လိုတယ်။
အခု လုပ်နေတဲ့ dot တစ်ခုချင်းစီက
နောင်တစ်ချိန် ကိုယ့်ဘဝပုံကို ဖြည့်ဆည်းပေးမယ်ဆိုတာ။

Plan မရှိလည်း ရတယ်။
ဒါပေမယ့် dot တစ်ခုချင်းစီကို
အရည်အသွေးရှိရှိ လုပ်ဖို့တော့ လိုတယ်။

ရှေ့ကို မမြင်ရလည်း ကိစ္စမရှိဘူး။
ပြန်ကြည့်တဲ့အခါ မြင်ရမှာပါ။

Phyo Paing @ Derek

Share Your Idea!​