ကိုယ်က ကိုယ်မဟုတ်ဘူး။
အဲဒါကို ကြားရင် ထိတ်လန့်စရာကြီးလို့ ထင်ရမယ်။
ဒါပေမယ့် တကယ်တော့ —
ဒါဟာ လူ့ဘဝရဲ့ အလှပဆုံး အရာတစ်ခုပဲ။
ငယ်ငယ်တုန်းက ကိုယ်ယုံကြည်ခဲ့တဲ့ အရာတွေ
အခု ကိုယ်မယုံတော့ဘူး။
ငယ်ငယ်တုန်းက ကိုယ်ကြောက်ခဲ့တဲ့ အရာတွေ
အခု ကိုယ်မကြောက်တော့ဘူး။
ငယ်ငယ်တုန်းက ကိုယ်လိုချင်ခဲ့တဲ့ အရာတွေ
အခု ကိုယ်မလိုချင်တော့ဘူး။
ဒါက ပျက်စီးတာ မဟုတ်ဘူး။
ဒါက တိုးတက်မှု Growth ဖြစ်တာပါ။
စိတ်ပညာမှာ ငါဘယ်သူလဲဆိုတဲ့
အပြောင်းအလဲ “Identity Shift” လို့ ခေါ်တယ်။
ကိုယ့်ရဲ့ identity ငါဘယ်သူလဲဆိုတာ
ကျောက်တုံးကြီးလို အမြဲတမ်း
ခိုင်မြဲနေတဲ့ အရာ မဟုတ်ဘူး။
မြစ်ရေလို အချိန်နဲ့အမျှ
စီးဆင်းပြောင်းလဲနေတဲ့ process တစ်ခုပါ။
နောက်တစ်ခုက
ကိုယ်တွေ့တဲ့လူ၊
ကိုယ်နေတဲ့နေရာ၊
ကိုယ့်ခေါင်းထဲထည့်တဲ့ အိုင်ဒီယာတွေက
ကိုယ့်ကို ပြောင်းလဲစေတတ်တယ်။
Environment ပတ်ဝန်းကျင် ပြောင်းရင်
Identity ငါဘယ်သူလဲလည်း ပြောင်းတတ်တယ်။
ပြဿနာက
လူအများစုက မနေ့က ဗားရှင်း version ကိုယ်ကို
ဆုပ်ကိုင်ထားပြီး
ဒီနေ့ ပြောင်းဖို့ ကြောက်နေကြတယ်။
“ငါက ဒီလိုလူမျိုးပဲ” လို့ label အမှတ်တံဆိပ်တပ်ပြီး
အဲဒီ label အတိုင်း နေကြတယ်။
ဒါပေမယ့် label ဆိုတာ
ကိုယ့်ကို ကာကွယ်မှုလုပ်ပေးတဲ့ အရာ မဟုတ်ဘူး။
ကိုယ့်ကို ထောင်ထဲ ထဲ ထည့်တဲ့ အရာ။
- ပြောင်းလဲခြင်းကို ကြောက်မနေပါနဲ့။
ပြောင်းလဲခြင်းဆိုတာ ကိုယ် တိုးတက်နေတဲ့သက်သေ။ - မနေ့က ကိုယ့်ကို ဒီနေ့ ဆက်ကိုင်မထားပါနဲ့။
Yesterday’s version expired already. - ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ခွင့်ပေးပါ။
ကိုယ်က ကိုယ်မဟုတ်ဘူး ဆိုတာ
ကိုယ် ပျောက်သွားတာ မဟုတ်ဘူး။
ကိုယ်က ကိုယ်မဟုတ်တော့ဘူး ဆိုတာ
ကိုယ် evolve ပြောင်းလဲ ဖြစ်နေတာ။
အချိန်နဲ့အမျှ ပြောင်းပါ။
ဒါမှ ကိုယ့်ဘဝက ကိုယ့်ကို အံ့အားသင့်စေမယ်။
Phyo Paing @ Derek