ပြောင်းချင်တာနဲ့ ပြောင်းတာ မတူဘူး။
ပြောင်းချင်တယ်ဆိုတာ ခံစားချက်။
ပြောင်းတယ်ဆိုတာ ဆုံးဖြတ်ချက်။
ခံစားချက်က လာလဲလာမယ်။
သွားလဲသွားမယ်။
မိုးခါးရေလို ယုံလို့မရဘူး။
ဆုံးဖြတ်ချက်က မတူဘူး။
ဆုံးဖြတ်ချက်ချရင်
ခံစားချက်ကောင်းကောင်း မကောင်းကောင်း
ရှေ့ဆက်တယ်။
တကယ်ပြောင်းတဲ့သူတွေက
“ပြောင်းချင်တယ်” လို့ မပြောဘူး။
တကယ်ပြောင်းတယ်။
ဒါပါပဲ။
Phyo Paing @ Derek