Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝတိုက်ပွဲဆိုတာက ပါမွှားလေး။

တချို့သူတွေက
ဘဝရဲ့ ငယ်ရွယ်နုပျိုမှာ
တစ်ဝက်မဟုတ်တောင်
လေးပုံတစ်ပုံက
အဖေ၊ အမေ သို့ မိသားစု
အကြွေးကို ဆပ်ရတတ်ကြတယ်။

တချို့သူတွေအတွက်
တခါတလေ တိုးတက်အောင်မြင်အောင်လုပ်တာ
မခက်ဘူး။
အမြဲရှုံးနေတဲ့အရာကို
မရှုံးအောင်လုပ်ပေးရတာ အခက်ဆုံးပဲ။
မရှုံးအောင်လုပ်လဲ
နောက်ဆုံးတော့ ရှုံးမှာပဲ။

ဒီပြဿနာကို ကျော်လွှားဖို့က
တချို့ကိစ္စတွေမှာက
ပြဿနာတွေရဲ့နောက်မှာ
လက်ဆောင်တွေရှိတတ်တယ်လို့စိတ်ထားရမှာပဲ။

ငယ်ငယ်ကတည်းက
ဒီလို အတွေ့အကြုံတွေသာမရှိခဲ့ရင်
ဘဝတိုက်ပွဲက ကိုယ့်အတွက်ကြမ်းတမ်းနေမှာ။

တချို့အတွက်
တကယ်တမ်း မွေးရာပါမိသားစုအတွက်
ဝင်ရတဲ့တိုက်ပွဲနဲ့
ဘဝတိုက်ပွဲယှဥ်ရရင်
ဘဝတိုက်ပွဲဆိုတာက ပါမွှားလေး။

လောကမှာ စိတ်ပိုင်းဆိုင်ရာ
Trauma တွေလွတ်မြောက်ချင်ရင်
ဒီလေးခုကို ခွင့်လွတ်ဖို့လိုတတ်တယ်လို့
ပညာရှင်တချို့ဆိုတယ်။​

၁။ ကိုယ့်မိဘကို ခွင့်လွတ်
၂။ ကိုယ့်ကိုကိုယ်ခွင့်လွတ်
၃။ ကိုယ့်ကို ဒုက္ခပေးထားတဲ့သူတွေကိုခွင့်လွတ်
၄။ တောင်းပန်စရာရှိသူကို စိတ်ထဲကဝန်ချတောင်းပန်တဲ့။

Phyo Paing @ Derek

Share Your Idea!​