ဘဝကို ပေးထားတဲ့အတိုင်း
လက်ခံတဲ့သူနဲ့၊
ဘဝကို ပေးထားတာကိုစိတ်တိုင်းမကျရင်
ပြုပြင်ပြောင်းလဲတဲ့သူကွာတယ်။
ပြုပြင်ပြောင်းလဲတဲ့သူတွေထဲမှာမှ
ပြင်လို့မရလို့ လက်မှိုင်ချတဲ့သူ။
ပြင်လိုက်၊ ရလိုက်၊ ပြန်ကြိုးစားရလိုက်နဲ့
အလုပ်ဖြစ်လိုက်၊ မဖြစ်လိုက်အဆင့်မှာ
ရောက်နေတဲ့သူ။
ပြင်ရင်းလမ်းပေါ်ရောက်နေတဲ့သူ။
ပြင်ပြီးလို့ နောက်တစ်ဆင့်ထပ်သွားနေတဲ့သူ။
Nietzsche ရဲ့ “Become Who You Are” အတွေးအခေါ်အရ
လူတွေကို ဒီလိုမြင်နိုင်တယ်
ဘဝကို ပေးထားတဲ့အတိုင်း လက်ခံပြီးနေတဲ့သူတွေ
မကျေနပ်ပေမယ့် နာကျည်းပြီး လက်လျှော့သွားတဲ့သူတွေ
ကိုယ့်ကိုယ်ကို ကျော်ဖြတ်ပြီး ဆက်ပြောင်းလဲတိုးတက်နေတဲ့သူတွေ။
Phyo Paing @ Derek