Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီလိုဖြစ်ဖို့ ချွေတာရင်ချွေတာ
ငွေပိုရှာရင်ရှာ။

ကိုယ်လစဉ်သုံးတာထက်
၁၀ ဆ လောက်ပိုဝင်မှ
ဘဝက အဆင်ပြေနိုင်မှာ။

၁၀ ဆ လောက်မဟုတ်တောင်
၅ ဆ ပေါ့။

မဟုတ်ရင် ဝင်ငွေနဲ့
အိမ်ဝယ်မရ၊ ကားဝယ်မရ၊ မြေဝယ်မရ။
ဖျားနာရင်မလွယ်၊
စုဖို့မလွယ်၊ လှူဖို့မလွယ်။

ဒီလိုဖြစ်ဖို့ ချွေတာရင်ချွေတာ
ငွေပိုရှာရင်ရှာ။

မဟုတ်ရင် တစ်ခေါက်လောက်ဖျားတာ၊
အမှုတစ်ခုဖြစ်တာနဲ့
အခက်အခဲတွေဖြစ်သွားမယ်။ 

ကျွန်တော်ကတော့ စေတနာလဲထားသလို
ခေါင်းထဲမှာလဲ
အရာရာကို ငွေကြေးနဲ့တိုင်းတာတယ်။

မတန်တာမလုပ်ဘူး။
ကိုယ့်အတွက် အကျိုးမရှိတာ၊
အသုံးမဝင်တာ မလုပ်ဘူး။

ကိုယ်မရှိရင် မလွယ်ဘူး။
အသနားခံရတဲ့အလုပ်မကြိုက်သူကတော့
ကိုယ့်ဘဝကိုယ် စီမံရမှာပဲ။

ကိုယ်မရှိရင် ဒီခေတ်ကြီးထဲ
မဖြစ်ဘူး။

မဖြစ်ခင်ကြိုပြင်ဆင်ထားကာမှ
တော်ကာကျတာ။

Phyo Paing @ Derek

Share Your Idea!​