Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကံကောင်းခြင်းဆိုတာ
စောင့်ရတဲ့အရာ မဟုတ်တော့ဘူး။

တရုတ်ရိုးရာ အတွေးအခေါ်မှာတော့
ကံ (Luck) ကို အပိုင်း (၃) ပိုင်းနဲ့ ကြည့်တယ်။

၁။ Heaven Luck (天运) – မွေးရာပါကံ

ဒါက ကိုယ်မရွေးချယ်နိုင်တဲ့ အရာတွေ။

ဘယ်မိသားစုမှာ မွေးလာလဲ။
မျိုးရိုးဗီဇ (Genetics)
မွေးဖွားတဲ့ အချိန်နဲ့ ခေတ်ကာလ

ဒီအရာတွေကို ပြောင်းလဲလို့ မရဘူး။
လက်ခံပြီး အကောင်းဆုံး အသုံးချရတာပဲ။

၂။ Earth Luck (地运) – ပတ်ဝန်းကျင်ကံ

ဒါက ကိုယ်ပြောင်းလဲနိုင်တဲ့ အပိုင်း။

ကိုယ်နေတဲ့အိမ်၊
ကိုယ်အလုပ်လုပ်တဲ့ရုံး၊
ကိုယ်ပေါင်းတဲ့လူတွေ၊
ကိုယ်နေ့တိုင်း ထိတွေ့နေတဲ့ နေရာတွေ။

Feng Shui က ဒီအပိုင်းကို အဓိက လေ့လာတယ်။

ပတ်ဝန်းကျင်ကောင်းရင်
အာရုံစူးစိုက်မှု ကောင်းလာတယ်။
စိတ်အခြေအနေ ကောင်းလာတယ်။
လုပ်ဆောင်နိုင်စွမ်းလည်း ပိုကောင်းလာနိုင်တယ်။

၃။ Human Luck (人运) – ကိုယ်တိုင်ဖန်တီးတဲ့ကံ

ဒီအပိုင်းကတော့
ကိုယ့်လက်ထဲမှာ အများဆုံးရှိတဲ့ ကံ။

ဘယ်လိုစဉ်းစားမလဲ။
ဘယ်လိုဆုံးဖြတ်မလဲ။
ဘာတွေလေ့လာမလဲ။
ဘယ်သူတွေနဲ့ ပေါင်းသင်းမလဲ။
ဘယ်လိုအလေ့အကျင့် တည်ဆောက်မလဲ။

ဒီနေ့ရဲ့ ရွေးချယ်မှုတွေက
မနက်ဖြန်ရဲ့ ကံကို တည်ဆောက်နေပါတယ်။

ကျွန်တော် အမြဲယုံကြည်တဲ့ အချက်တစ်ခုရှိတယ်။

Heaven Luck ကို မရွေးချယ်နိုင်ဘူး။

Earth Luck ကိုတော့ ပြောင်းလဲနိုင်တယ်။

Human Luck ကိုတော့ နေ့တိုင်း ကိုယ်တိုင် တည်ဆောက်နိုင်တယ်။

ဒါကြောင့်
“ကံကောင်းချင်တယ်” လို့ပဲ မျှော်လင့်နေလို့မရဘူး။

ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်း။
ကိုယ့်အရည်အချင်းကို မြှင့်။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို
နေ့တိုင်း ထပ်ခါထပ်ခါ လုပ်။

ကြာလာတဲ့အခါ…

ကံကောင်းခြင်းဆိုတာ
စောင့်ရတဲ့အရာ မဟုတ်တော့ဘူး။

ကိုယ်တိုင် တည်ဆောက်လာတဲ့
ရလဒ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​