Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။

ရှုံးသွားရင်တောင် နိုင်နေမယ့်
အလုပ်လုပ်ပါ။

လုပ်ငန်းမှာ အများစုက…

နိုင်ရင် အများကြီးနိုင်မယ်။
ရှုံးရင် အကုန်ရှုံးမယ်။

ဆိုတဲ့ လောင်းကစားမျိုးကို လုပ်နေကြတယ်။

ဒါပေမယ့် ကမ္ဘာ့အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့
လုပ်ငန်းရှင်တချို့ကတော့…

Asymmetric Bets ကို ရွေးတယ်။

အဓိပ္ပာယ်က—
ရှုံးရင် ဆုံးရှုံးမှု နည်းနည်းပဲရှိမယ်။
နိုင်ရင် ရလဒ်က အဆပေါင်းများစွာ ရနိုင်မယ်။

ဥပမာ…
Content တစ်ပုဒ်ရေးတာက အချိန်နည်းနည်းပဲကုန်တယ်။
ဒါပေမယ့် Client အသစ်တွေ ရနိုင်တယ်။
Product Prototype တစ်ခု စမ်းသပ်တာက
ကုန်ကျစရိတ်နည်းတယ်။
ဒါပေမယ့် အောင်မြင်ရင်
လုပ်ငန်းတစ်ခုလုံး ပြောင်းသွားနိုင်တယ်။
AI ကို လေ့လာဖို့ အချိန်နည်းနည်း
ရင်းနှီးမြှုပ်နှံတာက ရှုံးစရာ မရှိသလောက်ပဲ။
ဒါပေမယ့် အလုပ်လုပ်ပုံတစ်ခုလုံး ပြောင်းသွားနိုင်တယ်။

ဒီနေ့ခေတ်မှာ…

သေးသေးလေး စမ်းသပ်၊
မြန်မြန်တိုင်းတာ၊
အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။

အလုပ်တစ်ခု မလုပ်ခင်…

“ရှုံးရင် ဘယ်လောက်ရှုံးမလဲ?”
“နိုင်ရင် ဘယ်လောက်နိုင်မလဲ?”

ဆိုတဲ့ မေးခွန်းနှစ်ခုကို အရင်မေးကြည့်ပါ။

ရှုံးသွားရင်တောင် နိုင်နေမယ့် အလုပ်ကို ရွေးလုပ်ပါ။

Comment မှာ interview video တစ်ခု
တင်ထားပေးပါတယ်။
ကြည်တော့အရမ်းမကြည်ဘူး။

Phyo Paing @ Derek

Share Your Idea!​