ကြီးပျင်းလာတဲ့နေရာမတူ၊
မိသားစုမတူ၊
ဘာသာစကားမတူ၊
လူမျိုးမတူ၊
နိုင်ငံမတူ၊
အလုပ်အကိုင်မတူ၊
ကြည့်တဲ့ မီဒီယာအတူ
လူတွေစဥ်းစားပုံမတူတတ်ကြဘူး။
မတူရင် ရင်ဘတ်ချင်းမနီးဘူး။
ရင်ဘတ်ချင်းနီးပြီးစကားပြောလို့ရတဲ့
မိတ်ဆွေတွေရှိတာက
ပျော်ရွင်မှုတစ်ခုတဲ့။
အခုကတည်းက
အသက်ကြီးအထီးမကျန်ဖို့နဲ့
တစ်ယောက်တည်းနေတစ်စိတ်တည်းမထားနိုင်တဲ့အခါ
ရင်ဘတ်ချင်းနီးတဲ့မိတ်ဆွေတွေနဲ့
ဘဝကို ဆက်ဖို့
မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်တာကလဲ
ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။
Phyo Paing @ Derek