Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အရင်အထာနဲ့ အရာမထင်တော့ဘူး။

မနေ့ကပဲ AI မှာ သြဇာတိက္ကမကြီးမားတဲ့
Andrew Ng က
တက္ကသိုလ်တွေက ၂၀၂၂ အလုပ်တွေအတွက်
ပြင်ဆင်ပေးနေတာတဲ့။
တက္ကသိုလ်တွေက ၂၀၂၆ အလုပ်ကိုပြင်ပေးရမှာမဟုတ်ဘူး။
၂၀၃၀ နဲ့အလွန်အလုပ်တွေ အတွက်ပြင်ပေးရမှာတဲ့။

ပိုက်ဆံရှိမိဘတွေက သားသမီးတွေပညာရေးကို
တချို့ ချမ်းသာပြီးတော်တဲ့ မိသားစုကတော့
ဟားဘတ်တို့၊ Yale တို့လို Ivy league တွေသွားစေချင်တယ်။
တချို့က အနောက်တိုင်းတက္ကသိုလ်မှာ တက်စေချင်တယ်။

ဒီ တက္ကသိုလ်တွေ ကိုယ်တိုင်ရင်ဆိုင်နေရာက
အေအိုင်ရဲ့တိုးတက်မှုက
တစ်ပတ်နဲ့ တစ်ပတ်ကို မတူတော့
၂၀၃၀ မှာ ဘာဖြစ်မလဲ ခန့်မှန်းဖို့မလွယ်ဘူး။
ဒါကို သုံးနှစ်အတွင်း curriculum ဆွဲ
ကြိုတင်ဖို့မလွယ်ဘူး။

ပညာရေးအပြောင်းအလဲမှာဆို
Education 1.0 → အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်း
Education 2.0 → သဘောတရားကို နားလည်ခြင်း
Education 3.0 → ပြဿနာများကို ဖြေရှင်းခြင်း
Education 4.0 → ထုတ်ကုန်နှင့် တန်ဖိုးများကို ဖန်တီးခြင်း
Education 5.0 → AI နှင့် လက်တွဲလုပ်ကိုင်ခြင်း
Education 6.0 → AI ဖြင့် လူ့အဖွဲ့အစည်းအတွက် အကျိုးသက်ရောက်မှု ဖန်တီးခြင်း

Education 6.0 ရောက်ဖို့ အကြီးအကျယ်ပြုပြင်မှု
ပြုလုပ်ဖို့လိုလာနေတယ်။

တချို့မိဘတွေကတော့ ပညာရေးစနစ်ကိုမကြိုက်တဲ့အတွက်
အိမ်မှာပဲ သင်ကြတဲ့ homeschooling လုပ်လာကြတာလဲ
ပြည်တွင်းတို့၊ အရှေ့တောင်အာရှနိုင်ငံတွေမှာရှိလာကြပြီ။
တော်တော်များများကြားဖူးတဲ့
အင်ဒိုနီးရှားက rapper Rich Brian ဆိုလဲ
homeschooling နဲ့ ကြီးလာတဲ့ လူငယ်ပဲ။

သေချာတယ် အရင်အထာနဲ့ အရာမထင်တော့ဘူး။

အိုဟောင်းတာကို မခံပဲ
ကြိုပြောင်းဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​