သူဌေးတွေက သူတို့သားသမီးတွေကို
စျေးကြီးတဲ့ကျောင်းတွေမှာထားတဲ့အခါ
မတန်ဘူးလို့ တချို့က
စဥ်းစားကောင်းစဥ်းစားလိမ့်မယ်။
အမှန်တော့ သူတို့က
ကလေးတွေအတွက်
အခွင့်အလမ်းကို ဝယ်ပေးတာ။
ဆရာ နဲ့ ထိတွေ့တဲ့ အသိုင်းအဝိုင်း။
တချို့ အခွင့်အလမ်းတွေက
ဝယ်ရတတ်တယ်။
Pay to Play ပေါ့။
ဒါကြောင့် ကိုယ့်ကို
အသိပညာ၊ အတတ်ပညာ၊
ငွေကြေး၊ လုပ်ဆောင်နိုင်စွမ်း၊
အခွင့်အလမ်းတွေဖွင့်ပေးရင်
ဝယ်သင့်ဝယ်ရမှာပဲ။
အခုအချိန်မှာ တချို့သူတွေအတွက်
အေအိုင်ကို လစဥ်ကြေးဝယ်တာက
အကောင်းဆုံး အခွင့်အလမ်းဝယ်တာဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်က ပညာရေး။
အရေးကြီးတာ ပိုက်ဆံရှာ၊
ရှာတဲ့ပိုက်ဆံနဲ့ တခြားသူတွေမမြင်တဲ့
ဝယ်လို့ရတဲ့အခွင့်အလမ်းကိုဝယ်
နောက်တစ်ဆင့်ပြန်သွား။
Phyo Paing @ Derek