ကျရှုံးတာတွေများရင်
လူက ထုံလာတတ်တယ်။
အောင်မြင်နေရင်
ထပ်အောင်မြင်ဖို့မခက်ဘူး။
ငွေဝင်နေရင် ထပ်ငွေဝင်ဖို့မခက်ဘူး။
ကျရှုံးတာတွေများ၊
ဘူတာတွေများရင်
ဒူဒူ လာတတ်တယ်။
ဒါကို ကျော်လွှားဖို့က
လုပ်နေတာတွေရပ်ဖို့ပဲ။
ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။
ဒါကို alignment အလိုင်းမန့်လို့ခေါ်တယ်။
မလိုအပ်တဲ့ ပြဿနာတွေ ဖြေရှင်းနေရမှာ။
လူတွေရဲ့ဘဝမှာ အလိုင်းမန့်တွေလွဲ
လုပ်တဲ့အလုပ်တွေမှားနေလို့
တိုင်ပတ်မှု အပေါင်း သရဖူဆောင်းနေတတ်ကြတာ။
ကိုယ်ဘာအားသာလဲ၊
ကိုယ်ဘာလုပ်မလဲ၊
ကိုယ့်အသက်မွေးမှုနဲ့
ကိုယ့်အတွေး၊ အကြံနဲ့ ဒီအလုပ်
ကွတ်တိကျရင် အရာရာလွယ်သွားပြီ။
Phyo Paing @ Derek