Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နယ်ပယ်တစ်ခုမှာ အချိန်ကြာလာမှ
အတိမ်အနက်တွေသိလာမှာ။

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က
“Compounding” တိုးရင်းပေါင်းပဲ။

ဒါကြောင့် ကောက်ရိုးမီးနဲ့
နယ်ပယ်တစ်ခု ထိပ်ဆုံးကိုရောက်ဖို့မလွယ်ဘူး။

ဟိုခုန်ဒီခုန် မရဘူး။
ကိုယ်ကျင်လည်မည့်နယ်ပယ်
ကိုယ်ကစားမည့် ဂိမ်းကို
အသက် ၂၅ မတိုင်ခင် commit လုပ်သင့်ပြီ။
ပြီးရင် အားကုန်ထည့်
ဒီနယ်ပယ်မှာ ရင်းနှီးမြုပ်နှံမှုလုပ်။

၂၅ မတိုင်ခင် များများသာစမ်းကြည့်။
မတူညီတဲ့သင်တန်းတက်၊
မတူညီတဲ့အသိုင်းအဝိုင်းတွေသွား၊
မတူညီတဲ့အလုပ်တွေလုပ်ကြည့်၊
မတူညီတဲ့ စမ်းသပ်မှုတွေလုပ်ကြည့်။

အသက် ၂၅ ကျော်ပြီဆို
အချိန်သိပ်မရှိတော့ဘူး။
၂၅ ကနေ ၄၀ က ၁၅ နှစ်ပဲရှိတယ်။

အသက် ၄၀ မှ ဘဝပြန်စရင်
အလုပ်သစ်မှာ သူများလဲ ကိုယ့်ကိုအလုပ်မခန့်ချင်ဘူး။
တခြားလူငယ်တွေနဲ့လဲ
စွမ်းအင်ပိုင်းမှာ ပြိုင်နိုင်ဖို့မလွယ်ဘူး။

နယ်ပယ်တစ်ခုမှာ အချိန်ကြာလာမှ
အတိမ်အနက်တွေသိလာမှာ။

ပြီးရင် ဒီနယ်ပယ်တစ်ခုပဲနားလည်တာမျိုးမဟုတ်ဘဲ
သူနဲ့ ဆက်စပ်တဲ့ နယ်ပယ်တွေကိုလဲ
ယေဘူယျသိဖို့လိုတယ်။

ကိုယ်က မြေပွဲစားပဲလုပ်လုပ်၊
ဘာအလုပ်လုပ်လုပ်
ဇောက်ချလုပ်နိုင်မှပဲ။

ဒါကြောင့် အာရုံကို အာဏာကုန်စိုက်နိုင်ဖို့
အရေးကြီးတယ်။

အလုပ်ပြောင်းရင်တောင်
ကိုယ့်ကျွမ်းကျင်မှု skill တွေလွဲယူလို့ရတဲ့
အလုပ်ဖြစ်ဖို့တော့လိုတယ်။

ဒါကတော့ ကျွန်တော့်အမြင်ပါ။
အသက်ကြီးမှ ပြန်စမယ်ဆိုလဲ
ကိုယ့်ရဲ့ skillset တွေကိုချရေး
ဒါနဲ့ ချိပ်ဆက်နိုင်တဲ့အလုပ်တွေလုပ်ရင်
compounding တိုးရင်းပေါင်းတိုးတက်မှုမှာမြန်နိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​