အကြည်ဓာတ်ရှိလွန်းတဲ့အတွက်
ဘူဓာတ်ရှိသူတွေ
ကိုယ့်နားမှာ မရှိနိုင်တဲ့အထိ
ဖြစ်သွားနိုင်တယ်။
ကိုယ်က လူတွေကို
မောင်းထုတ်နေတာမဟုတ်ဘူး။
ကိုယ့်အတွေး၊
ကိုယ့်အပြော၊
ကိုယ့်အလုပ်၊
ကိုယ့်နေထိုင်ပုံတွေ ပြောင်းလာတဲ့အခါ
ကိုယ်နဲ့ မကိုက်တော့တဲ့သူတွေ
အလိုလို ဝေးသွားတာ။
အမြဲအပြစ်တင်နေသူ၊
အမြဲမကျေနပ်နေသူ၊
အမြဲသူများမကောင်းကြောင်းပြောနေသူ၊
ကိုယ်တိုင်မပြောင်းဘဲ
လောကကြီးကိုပဲ ပြောင်းစေချင်နေသူတွေကြားမှာ
ကြာကြာနေလို့ မရတော့ဘူး။
လူတစ်ယောက်ရဲ့ ဓာတ်ဆိုတာ
သူ့အတွေးတွေ၊
သူပြောတဲ့စကားတွေ၊
သူအာရုံထားတဲ့အရာတွေနဲ့
နေ့စဉ် တည်ဆောက်နေတာ။
ကိုယ်က အကြည်ဓာတ်ကို
နေ့တိုင်းတည်ဆောက်နေမယ်ဆိုရင်
ဘူဓာတ်တွေနဲ့
အကွာအဝေးတစ်ခု
အလိုလို ဖြစ်လာလိမ့်မယ်။
ဒါ လူတွေကို
မုန်းလို့ မဟုတ်ဘူး။
ကိုယ့်စိတ်ကို
ကိုယ်ကာကွယ်တတ်လာလို့။
ကိုယ် ဘယ်သူနဲ့နေမလဲ၊
ဘာတွေ နားထောင်မလဲ၊
ဘာတွေ အာရုံထားမလဲဆိုတာ
ကိုယ့်ဘဝရဲ့ ဓာတ်ကို
နေ့တိုင်းရွေးချယ်နေတာပဲ။
အကြည်ဓာတ်များလာလေ
ဘူဓာတ်နဲ့ ဝေးလာလေ။
Phyo Paing @ Derek