Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတော်တော်များများမှာ
အချစ်နဲ့ပတ်သက်တဲ့ ပြဿနာဖြေရှင်းပြီးရင်
ကျန်တာက အဲ့လောက်မခက်တော့ဘူး။

အချစ်က ပေးနိုင်တာတစ်ခုက
Healing ကုသမှုပဲ။
လူတော်တော်များများက ဒဏ်ရာတွေ
အနည်းနဲ့အများနဲ့ကြီးပြင်းလာကြတယ်။

အချစ်က အဲ့ကုသမှုကိုပေးတယ်။

တစ်ယောက်နဲ့ တစ်ယောက်
လိုအပ်ချက် အပြန်အလှန်ဖြည့်ဆည်းရင်းနဲ့ပေါ့။

တည်ငြိမ်ပြီး stable ဖြစ်တဲ့
မိသားစုမှာ ကြီးခဲ့သူတွေရဲ့
အိမ်ထောင်ရေးက ပို stable ဖြစ်တတ်တယ်။

မိဘတွေ အမြဲရန်ဖြစ်
ပြဿနာတွေဖြစ်
အိမ်ဆူအိမ်ပူက ပြဿနာပိုများတတ်တယ်။

ဘာကြောင့်လဲဆို တချို့အိမ်ထောင်ရေးက
လွတ်မြောက်ဖို့ ရည်ရွယ်ချက်ကြောင့်။

လွတ်မြောက်သွားလားဆိုတော့လဲ
မလွတ်မြောက်ပြန်ဘူး။

ကိုယ့်ဘဝကိုယ် မကျေနပ်တဲ့သူကို
ကျေနပ်အောင်လုပ်ပေးဖို့
အတော်ခက်တာ။

တကယ်လို့ ကိုယ့်ဒဏ်ရာကို
ကုသနိုင်တဲ့သူနဲ့ဆို
အရာရာက အဆင်ပြေသွားနိုင်တယ်။

စိတ်ပညာမှာ attachment theory ဆိုတာရှိတယ်။
Love avoidant အချစ်ကိုရှောင်ပြေးသူ။
ဒီထက်ပိုကောင်းတာရနိုင်သေးတယ်။
သူ့ကို အကုန်ချစ်လိုက်လို့
တလွဲလုပ်သွားမှ ဒုက္ခဆိုတဲ့သူ။
ဒါမဟုတ် ထားသွားဒုက္ခမရောက်အောင်
ကြိုတင်ပြင်ဆင်မှဆိုတဲ့သူ။
ငယ်ဘဝမှာ လိုအပ်ချက်တွေ
လျစ်လျူရှုခံရတဲ့သူ။

နောက်တစ်ခုက Cautious
စိုးရိမ်စိတ်ကြီးသူ။
ဖုန်းဆက်လို့မကိုင်
သို့လော သို့လောဖြစ်တဲ့သူ။
ပြဿနာဖြစ် ဟိုးလေးသကျော်။
ငယ်ဘဝမှာ ထားသွားမှာကြောက်တဲ့
စိုးရိမ်စိတ်နဲ့ကြီးလာသူ။
ငယ်ငယ်နဲ့
မိသားစုတာဝန်တွေထမ်းခဲ့ရသူဖြစ်နိုင်တယ်။

နောက်တစ်မျိုးက secure ဖြစ်တဲ့သူ။
တစ်ယောက်ဆိုတစ်ယောက်။
အချစ်တွေပုံအပ်တဲ့သူ။
ငယ်ငယ် မိဘတွေရဲ့အချစ်အပြည့်နဲ့
ကြီးပြင်းလာတဲ့သူ။

Avoidant type နဲ့ Cautious type ဆို
တိုင်ပတ်။
လူမှုကွန်ယက်မှာ အတွေ့အများဆုံးပြဿနာက
အဲ့ တွဲစပ်မှုက။
Avoidant type ချင်းက
ကွဲရင်တောင် သူငယ်ချင်းဖြစ်တယ်။
Cautious type ချင်းကလဲအဆင်ပြေတယ်။
Secure ကတော့ အားလုံးနဲ့ ok တယ်။
Avoidant နဲ့ဆိုရင်တော့
နည်းနည်းဒဏ်တော့ခံရမယ်။
ကုသနိုင်ရင် အရမ်းကောင်းသွားမယ်။

လူတော်တော်များများမှာ
အချစ်နဲ့ပတ်သက်တဲ့ ပြဿနာဖြေရှင်းပြီးရင်
ကျန်တာက အဲ့လောက်မခက်တော့ဘူး။

Phyo Paing @ Derek

Share Your Idea!​