ဘဝမှာ တိုးတက်ဖို့ပဲ သိပြီး
နေတတ်ဖို့မသိရင်လည်း ဒုက္ခရောက်မယ်။
နေတတ်ပြီး တိုးတက်အောင် မလုပ်ရင်လည်း
နောက်ကျကျန်ခဲ့မယ်။
ဒါကြောင့် ဘဝကို နားလည်ဖို့
ဆရာသုံးယောက်ဆီကလေ့လာလို့ရတယ်။
Nietzsche ဆီက
Becoming ကို သင်ယူတယ်။
“ငါ ဘယ်သူလဲ” ထက်
“ငါ ဘယ်သူဖြစ်လာနိုင်သေးလဲ” မေး။
ကိုယ့်ကိုယ်ကို ကျော်လွန်။
ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်။
Buddha ဆီက
Being ကို သင်ယူတယ်။
ပိုရဖို့၊ ပိုဖြစ်ဖို့ ပြေးနေရင်း
အခုရှိနေတာကို မမေ့နဲ့။
ကောင်းတာလည်း ပြောင်းမယ်။
ဆိုးတာလည်း ပြောင်းမယ်။
သတိနဲ့ သိနေ။
Aristotle ဆီက
Living ကို သင်ယူတယ်။
ဘဝက တွေးနေရုံနဲ့ မပြီးဘူး။
နေ့တိုင်း ဘယ်လိုနေသလဲ၊
ဘာလုပ်သလဲ၊
ဘယ်လိုလူဖြစ်အောင် ကျင့်သလဲ။
ဒါတွေက ကိုယ့်ဘဝဖြစ်လာတယ်။
Nietzsche for Becoming.
Buddha for Being.
Aristotle for Living.
တိုးတက်ဖို့လိုတယ်။
စိတ်ဒုက္ခကျော်နိုင်ဖို့လိုတယ်။
ကောင်းကောင်းရှင်သန်နိုင်ဖို့လိုတယ်။
Phyo Paing @ Derek