ဉာဏ်ကောင်းတာနဲ့
Strategic Intelligence ရှိတာ မတူဘူး။
ဉာဏ်ကောင်းတဲ့သူက
ပြဿနာကို မြန်မြန်ဖြေရှင်းနိုင်တယ်။
Strategic Intelligence ရှိတဲ့သူက
ဘယ်ပြဿနာကို ဖြေရှင်းရမလဲ ရွေးတတ်တယ်။
သာမန်လူက
အခုဘာဖြစ်နေလဲ မြင်တယ်။
Strategic Intelligence ရှိတဲ့သူက
နောက်ဘာဖြစ်လာနိုင်လဲ ကြိုမြင်တယ်။
သာမန်လူက
အလုပ်များများလုပ်ဖို့ စဉ်းစားတယ်။
Strategic Intelligence ရှိတဲ့သူက
ဘယ်အလုပ်က ရလဒ်အများဆုံးပေးမလဲ စဉ်းစားတယ်။
သာမန်လူက
ပြိုင်ဘက်ဘာလုပ်နေလဲ လိုက်ကြည့်တယ်။
Strategic Intelligence ရှိတဲ့သူက
ပြိုင်ဘက်ဘာကြောင့်လုပ်နေလဲ နားလည်တယ်။
သာမန်လူက
အခြေအနေဖြစ်လာမှ တုံ့ပြန်တယ်။
Strategic Intelligence ရှိတဲ့သူက
မဖြစ်ခင် ကြိုပြင်ဆင်တယ်။
သာမန်လူက
ဆုံးဖြတ်ချက်တစ်ခုရဲ့ ချက်ချင်းရလဒ်ကို ကြည့်တယ်။
Strategic Intelligence ရှိတဲ့သူက
နောက်ဆက်တွဲအကျိုးဆက်တွေကို ကြည့်တယ်။
သာမန်လူက
အခွင့်အရေးတိုင်းကို လိုက်ဖမ်းတယ်။
Strategic Intelligence ရှိတဲ့သူက
ကိုယ့်အတွက်မဟုတ်တဲ့ အခွင့်အရေးကို ငြင်းတတ်တယ်။
AI ခေတ်မှာ
အဖြေရှာနိုင်တာ အားသာချက်မဟုတ်တော့ဘူး။
အဖြေမှန်မရခင်
မေးခွန်းမှန်ကို ရွေးနိုင်တာက
အားသာချက်ဖြစ်လာတယ်။
အလုပ်ကြိုးစားမှုက
ကိုယ့်ကို မြန်မြန်ရွေ့စေတယ်။
Strategic Intelligence ကတော့
လမ်းမှန်ပေါ် ရွေ့နေစေတယ်။
Phyo Paing @ Derek