မနက်ပိုင်းကို
ဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။
ညနေပိုင်းကို
ဖြစ်နေတာကို လက်ခံတတ်အောင်လုပ်တယ်။
လူတစ်ယောက်က
၁။ Personal development
၂။ Professional development
၃။ Business development
၄။ Spiritual development
တစ်ဆင့်ချင်း။
မွဲနေပြီး spiritual ပဲလုပ်နေလို့မရဘူး။
အလုပ်လုပ်ရမယ်။
အကြွေးဝိုင်းနေပြီး spiritual အကြောင်းပြနေလို့မရဘူး။
အပြင်ကမ္ဘာကြီးမှာလဲ
အပူကင်းအောင်လုပ်ထားနိုင်ဖို့
၁။ ကိုယ့်ပြဿနာကိုယ်ဖြေရှင်း
၂။ သူများပြဿနာဖြေရှင်းကူ
၃။ ဥစ္စာဓနမလိုခင်ရှာထား
၄။ အရာရာကိုလက်ခံတတ်အောင် ဥပက္ခာတရားထား။
သူများကို ဒုက္ခမပေး၊
အပူမပေးပဲ
တရားအားထုတ် spiritual လုပ်တာအမှန်။
အကြွေးတွေဝိုင်းပြီး spiritual အော်နေတာ အမှား။
Phyo Paing @ Derek