ဘဝရှိရင် ဆန္ဒရှိတယ်။
ဆန္ဒရှိရင် ဖြေရှင်းရမည့် ပြဿနာရှိတယ်။
ပြဿနာမဖြေရှင်းနိုင်ရင်
ဒုက္ခဖြစ်တယ်။
ပြဿနာဖြေရှင်းနိုင်ရင်
ဒုက္ခကိုကျော်လွှားနိုင်တယ်။
ပြဿနာဖြေရှင်းနိုင်ဖို့
အသိပညာ၊ အတတ်ပညာသင်တယ်။
ပညာတတ်ရင်
ကိုယ့်ပြဿနာကိုယ်ဖြေရှင်းလို့ရတယ်။
နောက်တစ်ဆင့် တခြားသူပြဿနာဖြေရှင်းပေးလို့ရတယ်။
တခြားသူပြဿနာဖြေရှင်းပေးရင်း
အသက်မွေးတာကို အသက်မွေးမှု profession လို့ခေါ်တယ်။
အသက်မွေးမှုကို ခပ်ကြီးကြီးလုပ်ချင်တဲ့အခါ
ကိုယ်အမြဲမပါလဲ ပြဿနာဖြေရှင်းနိုင်အောင်
စီးပွားရေးလုပ်ငန်းတွေလုပ်ကြတယ်။
တခြားသူရဲ့ အချိန်၊
တခြားသူရဲ့ လုပ်အား၊
တခြားသူရဲ့ ပညာကို
ငွေကြေးနဲ့လဲလှယ်ပြီး
ပေါင်းစည်းခြင်းအားနဲ့ လူတွေရဲ့ပြဿနာဖြေရှင်းရင်း
ငွေရှာတယ်။
ဒါကို စီးပွားရှာတယ်လို့ခေါ်တယ်။
ဘဝရှိရင် ဆန္ဒရှိတယ်။
ဆန္ဒတွေကို အကောင်အထည်ဖော်တဲ့
အသက်အရွယ်ရှိတယ်။
ဆန္ဒတွေကို ပယ်သတ်တဲ့
အသက်အရွယ်ရှိတယ်။
တချို့တွေက ဘဝမှာ
မွေးလာကတည်းက ဆန္ဒတွေ ပယ်သတ်ပြီးသား။
တချို့တွေက ဆန္ဒရှိတယ်။
ပြဿနာဖြေရှင်းနိုင်စွမ်းမရှိဘူး။
တချို့က ဆန္ဒလဲရှိတယ်။
ပြဿနာတွေကိုလဲ ဖြေရှင်းနိုင်တယ်။
နောက်တစ်ဆင့်တက်ဖို့
နောက်ပြဿနာတွေလဲ ဖြေရှင်းနိုင်ဖို့
အားထုတ်တယ်။
ဒါကတော့ ကျွန်တော့်ရဲ့
ဘဝကို မြင်တဲ့ အမြင်တစ်ခု။
Phyo Paing @ Derek