ဘဝကို အကြီးအကျယ်ပြောင်းလဲချင်ရင်
ကိုယ်နဲ့တွေ့နေကျ “လူ”၊
နေထိုင်တဲ့ “နေရာ”၊
ခေါင်းထဲထည့်တဲ့ “အိုင်ဒီယာ”
ဒီသုံးခုပြောင်းဖို့ပဲ။
တစ်ခုပြောင်းရင်ကို
ဘဝက တော်တော်ပြောင်းပြီ။
ဘယ်လိုပြောင်းသလဲဆို
တွေ့တဲ့လူ၊ နေရာ၊ အိုင်ဒီယာမတူရင်
ခံစားချက်မတူဘူး။
ခံစားချက်မတူ လုပ်ဆောင်ပုံမတူဘူး။
လုပ်ဆောင်ပုံမတူရင်
ရလဒ်မတူဘူး။
ရလဒ်မတူတော့တဲ့အခါ
ကိုယ့်ကိုကိုယ် မြင်တဲ့အမြင်မတူဘူး။
ကိုယ့်ကိုကိုယ် မြင်တဲ့အမြင်မတူတော့တဲ့အခါ
လုပ်ရပ်ပိုမတူတော့ဘူး။
Phyo Paing @ Derek